လာကမ်းလှမ်းတာတွေဆိုရင် သမီးရဲ့ ဆန္ဒကို ဦးစားပေးတယ်။

ကျော်ကျော်ဗိုလ်ကတော့ တစ်ဦးတည်းသော သမီးလေးရဲ့ ဝါသနာမှန်သမျှကို ဖခင်တစ်ယောက် အနေနဲ့ အကောင်းဆုံး ပံ့ပိုးပေးသွားမယ်လို့ ဆိုပါတယ်။

Photo: Kyaw Kyaw Bo



သရုပ်ဆောင် ကျော်ကျော်ဗိုလ်ကတော့ တစ်ဦးတည်းသော သမီးလေး ike ရဲ့ အကြောင်းတွေ ပြောပြလာပါတယ်။ သမီးလေးနဲ့ အတူတူ အနုပညာအလုပ်တွေ တွဲလုပ်နေပြီလို့လည်း Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ သမီးလေးက သီချင်းဆိုတာကတော့ ဗီဇပါလာတာပေါ့နော်။ အနုပညာ မိဘက မွေးလာတာဖြစ်တဲ့အတွက် အနုပညာသွေးပါတာပေါ့။ သူက Music ဘက်ကို ပိုပြီးတော့ အားသန်တာ တွေ့ရတယ်။ ဂီတနဲ့ ပတ်သက်ပြီး မခင်မြတ်မွန်နဲ့ သင်ပေးထားတယ်။ သူ့ရဲ့ ဝါသနာကို ကျွန်တော်က အကောင်းဆုံး ပံ့ပိုးပေးသွားပါမယ်။ ကြော်ငြာတွေ လာကမ်းလှမ်းရင်လည်း သူ့ဆန္ဒကို ကျွန်တော်က မေးတာများတယ်။ လောလောဆယ်တော့ သွားတိုက်ဆေး ကြော်ငြာတစ်ခုပဲ ရိုက်ထားတာရှိတယ်” လို့ သူကဆိုပါတယ်။  

Photo: Kyaw Kyaw Bo

သမီးလေးကတော့ အမေထက်စာရင် အဖေ အနားကို ပိုကပ်တယ်လို့ ကျော်ကျော်ဗိုလ်က ဆိုပါတယ်။ သမီး ကိုလည်း အလိုလိုက်ဆုံးက အဖေ ဖြစ်နေလို့ပါဆိုပြီးတော့လည်း သဘောကျရယ်မောရင်း ပြောပြလာပါတယ်။ 

“ သမီးက အရမ်းအေးတာလည်း မဟုတ်သလို အရမ်းသွက်လက်တဲ့ အထဲလည်း မပါ ပါဘူး။ မိဘတွေနဲ့ ဆိုရင်တော့ အပြင်လူတွေထက်စာရင် ပိုပြီးပျော်ပျော်နေတတ်ပါတယ်။ ကျွန်တော်က သမီးကို အလိုလိုက်တဲ့ အဖေ ဆိုတော့ ကျွန်တော့်ကို နည်းနည်း နိုင်ချင်တာပေါ့နော်။ သူဘာလုပ်လုပ် ကျွန်တော့်မှာ စကားလုံး တစ်လုံးပဲရှိတယ် ‘ Yes’ ဆိုတော့ ကျွန်တော့်ကို နည်းနည်းလေး ချွဲချင်တာပေါ့” လို့ သူကဆိုပါတယ်။ 

Photo: Kyaw Kyaw Bo

ကျော်ကျော်ဗိုလ်ဟာ သမီးလေးကို ဆုံးမ သွန်သင်တဲ့ အခါမှာလည်း စိတ်လိုက်မာန်ပါ ပြောလေ့မရှိဘူးလို့ဆိုပါတယ်။ အမှားကို အမှားမှန်းသိအောင် သေသေချာချာ ပြောပြတာက ပိုကောင်းတယ်ဆိုတာကိုလည်း သူက ပြောပါတယ်။ 

“ ကျွန်တော်က သူ့ကို အရမ်းကြီး ဆူလေ့မရှိဘူး။ သူမှားသွားလည်း ကျွန်တော်က အပြစ်သိပ်မပြောဘူး။ ဘာကြောင့် မှားသွားတယ်ဆိုတဲ့ အကျိုးအကြောင်းလေး ရှင်းပြတယ်။ သူ့ဘာသာသူ စဉ်းစားတတ်သွား ရင် နောက်တစ်ခါ ဒီလို အမှားမျိုးကို သူ ရှောင်ရှားတတ်သွားမယ်။ တကယ်လို့ ကျွန်တော်တို့က ဆူလိုက်တယ်၊ ဒါကိုလည်း သူတို့ ဘာကြောင့် မှားမှန်းမသိ ဖြစ်သွားမယ်ဆိုရင် ကျွန်တော်တို့ မရှိတော့တဲ့ အချိန်မှာ သူ့အတွက် အခက်အခဲဖြစ်သွားလိမ့်မယ်” ဆိုပြီးတော့ Shwe Series မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

ကျော်ကျော်ဗိုလ်ရဲ့ သမီးလေး ike ကတော့ အခုဆိုရင် အသက်(၁၀) နှစ်အရွယ်ရှိနေပါပြီ။ အနုပညာနဲ့ ပတ်သက်လာရင် ဂီတဘက်ကို ဝါသနာကြီးသူ ဖြစ်တာကြောင့် သူကြိုက်နှစ်သက်တဲ့ သီချင်းလေးတွေကို Cover Song လေးတွေ သီဆိုလေ့ရှိတာ တွေ့ရပါတယ်။ 

Photo: Kyaw Kyaw Bo

နိုင်ငံကျော် ရွှေမန်းဦးတင်မောင်၊ ဝါရင့်သရုပ်ဆောင်ကြီး ဦးညွှန့်ဝင်းတို့ရဲ့ အနုပညာမျိုးဆက်တွေထဲမှာ ကျော်ကျော်ဗိုလည်း တစ်ဦး အပါအဝင်ဖြစ်ပါတယ်။ ကျော်ကျော်ဗိုရဲ့ အနုပညာသက်တမ်းကလည်း အနှစ် ၂၀ ကျော်သက်တမ်းကို ရောက်ရှိနေပြီဖြစ်ပါတယ်။ သူဟာ သရုပ်ဆောင်ဘက်မှာသာမက ဇာတ်သဘင်ဘက်မှာလည်း အနုပညာလှုပ်ရှားမှုတွေရှိခဲ့ပါသေးတယ်။ သူဟာ မကြာသေးခင်က ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို ‘’ မုန်းစွဲ’’ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က