နန္ဒာလှိုင်တို့ ဇနီးမောင်နှံဟာ ဧပြီလ ၁၉ ရက်နေ့မှာ မွေးနေ့ကျရောက်တဲ့ သမီးလတ်လေးအတွက် ကျိုက်မရောကျောင်းတိုက်ကို လိုအပ်တဲ့နေရာတွေမှာ အသုံးပြုနိုင်ဖို့ အလှူငွေကျပ် သိန်း ၃၀၀ လှူဒါန်းခဲ့ပါတယ်။
Photo: Nandar Hlaing
သရုပ်ဆောင် နန္ဒာလှိုင်နဲ့ ခင်ပွန်းဖြစ်သူ ဇေသီဟ တို့ဟာ ဧပြီလ ၁၉ ရက်နေ့မှာ မွေးနေ့ကျရောက်တဲ့ သမီးလတ် ဇေရတီလှိုင်ရဲ့ မွေးနေ့အတွက် ဧပြီလ ၁၈ ရက်နေ့က ကျိုက်မရောဘုရားကြီးကျောင်းတိုက်မှာ အလှူငွေ ကျပ်သိန်း ၃၀၀ လှူဒါန်းခဲ့တယ်လို့ နန္ဒာလှိုင်က ပြောပါတယ်။
‘’(၁၉.၄.၂၀၁၉)ရက်နေ့တွင် ကျရောက်သော ဦးဇေသီဟ၊ ဒေါ်နန္ဒာလှိုင်တို့၏ သမီးလတ်ရတနာ မဇေရတီလှိုင်၏ မွေးနေ့အလှူဒါနအဖြစ် အလှူတော်ငွေကျပ်သိန်း (၃၀၀) နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ အားဆက်ကပ်လှူဒါန်းခဲ့ကြပါသည်’’ ဆိုပြီးတော့ ဧပြီလ ၁၈ ရက်နေ့ နေ့လယ် ၁၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။
Photo: Nandar Hlaing
မွေးနေ့အလှူကိုတော့ ၁၈.၄.၂၀၁၉)ရက်နေ့တွင် ကျိုက်မရောဘုရားကြီးကျောင်းတိုက် ပဓာနနာယက၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝါရိန္ဒ၏ ခွင့်ပြုချက်အရ ကျိုက်ထီးဆောင်း အဘိုးဆရာတော်ဘုရားကြီး၏ ဆန္ဒတော်နှင့်အညီ (၅၉၂) ဆူမြောက် မွန်ပြည်နယ်၊ ကျိုက်မရောမြို့၊ မွန်ဧကရီဘုရင်မကြီးရှင်စောပု ထပ်မံပြုပြင်တည်ထားကိုးကွယ်တော်မူခဲ့သော ရှေးဟောင်းသမိုင်းဝင် ကျိုက်မရောဘုရားကြီး ပြာသာဒ်ဘုံ အထွဋ်ရှိ ဘုံ(၃)ဆင့် ရွှေထီးတော်၊ ရွှေငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော်ဆက်ကပ်တင်လှူပူဇော် ပွဲအခမ်းအနားအတွက် အလှူတော်ငွေကျပ်သိန်း (၃၀၀) နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြတာဖြစ်ပါတယ်။
Photo: Nandar Hlaing
နန္ဒာလှိုင်ဟာ ခင်ပွန်းဖြစ်သူနဲ့အတူ ဘုရားတည်၊ ကျောင်းဆောက်တာတွေမှာ ပါဝင်ကုသိုလ်ယူဖြစ်သလို အခြား ပရဟိတလုပ်ငန်းတွေမှာလည်း ပါဝင်ဆောင်ရွက်လျက်ရှိပါတယ်။ အိမ်ထောင်ကျသွားပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို နားထားခဲ့တဲ့ သရုပ်ဆောင် နန္ဒာလှိုင်ဟာ ယခုအချိန်ထိ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားသူလည်း ဖြစ်ပါတယ်။
Photo: Nandar Hlaing
နန္ဒာလှိုင်က ရုပ်ရည်ရော ခန္ဓာကိုယ်ပါ အလှဆုံး သရုပ်ဆောင် မင်းသမီးတစ်လက်အဖြစ် နာမည်ကြီးခဲ့သူပါ။ အိမ်ထောင်ပြုပြီးနောက်မှာ သူမရဲ့အိမ်ထောင်ရေးမှာပဲ စိတ်နှစ်ပြီး သမီးလေး ၃ ယောက်ကို ထိန်းရင်း အိမ်ရှင်မကောင်းတစ်ယောက်အဖြစ် သူမရဲ့ဘဝကို တည်ဆောက်နေသူဖြစ်ပါတယ်။