ကလေးတွေပျော်နေတာကြည့်ပြီး မျက်ရည်တောင် လည်မိတယ်တဲ့။

စွန့်ပစ်မိဘမဲ့ကလေးလေးတွေကို ကိုယ်တတ်နိုင်တဲ့ အနုပညာနဲ့ ပျော်အောင် လုပ်ပေးခွင့်ရလို့ ပျော်ရွှင်မိတယ်လို့ ညီနန္ဒက ဆိုပါတယ်။ သူတတ်နိုင်သလောက် အလှူငွေလည်း လှူဒါန်းခဲ့ပါသေးတယ်။

 

Photo : ညီနန္ဒ

သရုပ်ဆောင် ညီနန္ဒက ပြည်မြို့မှာ ရှိတဲ့ စွန့်ပစ်မိဘမဲ့ ကလေးလေးတွေ ဆီကို သွားခဲ့တာပါ။ ကလေးလေးတွေအတွက် သူတတ်နိုင်တဲ့ အနုပညာနဲ့ သီချင်းတွေ ဖျော်ဖြေပေးခဲ့ပြီး ကလေးတွေ ပျော်နေတာကို မြင်ရတော့ မျက်ရည်တောင် လည်မိတယ်လို့ ဆိုပါတယ်။

“ပြည်မြို့မှာ စွန့်ပစ်မိဘမဲ့ကလေးတွေကို ကိုယ်တတ်တဲ့အနုပညာနဲ့ သီဆို ဖျော်ဖြေပေးခဲ့တယ်။ကလေးတွေပျော်နေတာကြည့်ပြီး မျက်ရည်တောင်လည်မိတယ်...

အခုလိုပွဲလေးကို အကောင်းဆုံး စီစဉ်ပေးတဲ့ လေးစားရတဲ့လူရွှင်တော်စိစိ ကျေးဇူးအထူးပါ..” ဆိုပြီး မေလ(၃၁) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ တွေ့ရပါတယ်။

Photo : ညီနန္ဒ

ကလေးတွေကို ပျော်ရွှင်အောင် လုပ်ပေးနိုင်သလို ကလေးတွေအတွက် သူတတ်နိုင်သလောက် အလှူငွေလည်း ပါဝင်လှူဒါန်းခဲ့တယ်တဲ့။

“ကျွန်တော့ကိုအားပေးဖို့လိုက်လာရင်း စွန့်ပစ်မိဘမဲ့ခလေးတွေအတွက် ငွေကျပ် တစ်သိန်း လှူဒါန်းခဲ့တဲ့ ကျွန်တော့မွေးစား ဖေဖေနဲ့မေမေ(ကိုအောင်+မမိုး) အတွက်လည်း သာဓု အကြိမ်ကြိမ်ခေါ်ဆိုပါတယ်” ဆိုပြီး ဆက်လက်ရေးသားထားပါတယ်။

Photo : ညီနန္ဒ

ညီနန္ဒဟာ၂၀၁၇ ခုနှစ်က စပြီး အနုပညာအလုပ်တွေ ပြန်လည် လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

'' ဒီတစ်ခေါက် အနုပညာကိုပြန်လုပ်ခွင့်ရတာကိုက အရမ်းကို တန်ဖိုးလည်းထားတယ်။ သေသေချာချာလည်း လုပ်မယ်။ အကောင်းဆုံးဂရုစိုက် ပြီးတော့ လုပ်နေတဲ့အတွက် အခုချိန်ထိ အားပေးနေကြတဲ့ အစ်ကို့ ပရိသတ်တွေ ကို လေးစားပြီးတော့ လုံးဝစော်ကားမိတဲ့ အရာမျိုး မလုပ်မိ အောင် သေချာကြိုးစားသွားပါမယ်'' လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

 

Photo : ညီနန္ဒ

ညီနန္ဒက အနုပညာလောကနဲ့ ဝေးကွာခဲ့တာ ၃ နှစ်ကျော် ကြာပြီလို့ သိရပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းက အနှစ် ၂၀ ကျော် ရပ်တည် လျှက် ရှိပါတယ်။ စီးပွားရေးဘက်ကို ပြောင်းတဲ့အချိန်မှာလည်း နားလည် တက်ကျွမ်းသူ မဟုတ်တဲ့အတွက် ဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ အခုချိန်မှာတော့ သူ့ရဲ့ ဝါသနာအရင်းခံအရ အနုပညာအလုပ်တွေ ဆက်လက်ဆောင်ရွက်နေတာဖြစ်ပါတယ်။ လက်ရှိမှာ MRTV-4 ရုပ်မှာ ပြသနေတဲ့ “အလင်းထဲကလူ” ရုပ်သံဇာတ်လမ်းတွဲမှာလည်း  သူပါဝင်ထားတာတွေ့ရပါတယ်။

Share

Loading Next Article...
က္က