၁၀၁၄ ရုပ်ရှင်ဇာတ်ကားကြီးကို မိဘမဲ့ကလေးငယ် စုစုပေါင်း(၁၈၀၀) ဦးတို့ကို ပြသနိုင်ဖို့ အတွက် EXCELLENT FORTUNE FOUNDATION တည်ထောင်သူ ဦးစိုင်းမျိုးဝင်းက သမ္မတရုပ်ရှင်ရုံ တစ်ရုံလုံးငှားရမ်းခဲ့တယ်လို့ သိရပါတယ်။ မင်းသမီးချော ရတနာဗိုကလည်း မုန့်တွေ လှူခဲ့တယ်တဲ့။
၁၀၁၄ ရုပ်ရှင်ဇာတ်ကားကြီးကို EXCELLENT FORTUNE DEVELOPMENT GROUP(EFD GROUP) နှင့် EXCELLENT FORTUNE FOUNDATION တည်ထောင်သူနှင့် ဥက္ကဌကြီး ဦးစိုင်းမျိုးဝင်းနဲ့ ဒါရိုက်တာ ဦးကျော်သူတို့ ပူးပေါင်းပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တောင်ဥက္ကလာပမြို့နယ်၊ မြင်သာမြို့ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် သာကေတမြို့နယ်၊ မှန်ကင်းကျောင်းတို့တွင်ရှိသော မိဘမဲ့ကလေးငယ် (၁,၈၀၀)ဦးတို့ကို စိတ်ပျော်ရွှင်စေရန်နှင့် ဗဟုသုတရရှိစေရန်တို့အတွက် ရည်ရွယ်ပြီး သမ္မတရုပ်ရှင်ရုံကို ဒီဇင်ဘာလ ၂၄ ရက်နေ့က ရုံလုံးပြည့် ငှားရမ်းပြသခဲ့တာတွေ့ရပါတယ်။
ကလေးငယ်များ ကြည့်ရှုနိုင်ရန်အတွက် ကြိုပို့ကားငှာရမ်းခ ၂,၀၀၀,၀၀၀/ (ကျပ်သိန်းနှစ်ဆယ်တိတိ) နှင့် (၂) ပွဲစာရုံဝင်ခအတွက် ၅,၄၀၀,၀၀၀/ (ကျပ်ငါးဆယ့်လေးသိန်းတိတိ) စုစုပေါင်းကျပ်၇,၄၀၀,၀၀၀/ (ကျပ်ငွေခုနှစ်ဆယ့်လေးသိန်းတိတိ) ကို ကုန်ကျခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့(ဒီဇင်ဘာလ ၂၄ ) ရက်နေ့မှာ လှူဒါန်းခဲ့တဲ့ အလှူငွေကျပ် စုစုပေါင်း ခုနှစ်ဆယ့်လေးသိန်း ကျပ် ကုန်ကျခဲ့ပါတယ်တဲ့။ အဲဒီနောက် ၁၀၁၄ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီးချောလေး ရတနာဗို ကလည်း ကလေးငယ် ၁၈၀၀ တို့အတွက် အာလူးကြော်များ၊ တခြား မုန့်များစွာကိုလည်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
၁၀၁၄ ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့ကစပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ဝရဇိန်ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ ၁၀၁၄ ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ဦးကျော်သူကိုယ်တိုင်ရိုက်ထားတာဖြစ်ပြီး ဇာတ်ကားအစအဆုံးကို ပုဂံမှာ ရိုက်ခဲ့တာလို့ သိရပါတယ်။ ဒီဇာတ်ကားထဲမှာတော့ သရုပ်ဆောင် ကျော်သူ၊ ထူးအောင်၊ ဒေါင်း၊ထွန်းကိုကို၊ပြေဇင်၊ မို့မို့မြင့်အောင်၊ မေမြင့်မိုရ်နဲ့ ရတနာဗိုလ်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာပါ။