လီဗာပူးက ၄၃ ပွဲရှိပါပြီ။

လီဗာပူးက လက်ရှိမှာ ၄၃ ပွဲရှုံးပွဲမရှိ စံချိန် ဖြစ်နေပြီ ဖြစ်ပြီး အာဆင်နယ်အသင်းရဲ့ စံချိန်ကို မီဖို့ ၆ပွဲသာ မရှုံး အောင် ကစားနိုင်ဖို့ လိုတော့ပြီး စံချိန်ချိုးဖို့ဆိုရင် ၇ ပွဲမဆက်တိုက် မရှုံးအောင် ကစားဖို့ပဲ ကျန်တော့တာပါ။

Image result for wenger

၄၉ ပွဲရှုံးပွဲမရှိ စံချိန်ကို နီးကပ်လာတဲ့ လီဗာပူးကို စွမ်းဆောင်နိုင်မလားလို့ စောင့်ကြည့်သွားမယ်ဆိုတဲ့ အကြောင်း အာဆင်နယ် နည်းပြဟောင်း အာစင်ဝင်းဂါးက Sportf သတင်းဌာနကိုပြောသွားပါတယ်။

နည်းပြကလော့ပ်ရဲ့လီဗာပူးကတော့ လက်ရှိ လိဂ်ပွဲ ၂၆ ပွဲကစားပြီးချိန်မှာ ၂၅ ပွဲနိုင် ၁ ပွဲသရကျကာ မနှစ်က ဘောလုံးရာသီက လက်ကျန်ပွဲနဲ့ဆိုရင် လက်ရှိအချိန်ထိ ၄၃ပွဲ ရှုံးပွဲမရှိ ကစားထားပါပြီ။

ဝင်းဂါးရဲ့ အာစင်ဝင်းဂါးကတော့ ၂၀၀၃-၀၄ ဘောလုံးရာသီမှာ ၄၉ ပွဲရှုံးပွဲမရှိ စံချိန်နဲ့ ပရီးမီးယားလိဂ် ဖလားဆွတ်ခူး ခဲ့တာပါ။

Image result for wenger

ဒါကြောင့် လက်ရှိ ဒီစံချိန်ကို ချိုးဖျက်ဖို့ နီးစပ်လာတဲ့ လီဗာပူးအသင်းကို ဝင်းဂါးက လက်ကျန်ပွဲတွေကို အထူးစိတ် ဝင်တစားနဲ့ စောင့်ကြည့်သွားမယ်လို့ ပြောလာတာပါ။

“ တိကျသေချာလွန်းစွာ အကောင်းဆုံးသူတို့ ကစားနေပါတယ်၊အတူတကွ တိုက်ပွဲဝင်နေတာကိုက တကယ့်ကို အကျိုးသက်ရောက်မှုကောင်းဖြစ်စေတာပါ။နောက်ပြီး အသင်းလိုက်ကစားပုံလည်း ကောင်းသလို တစ်ပွဲနဲ့တစ်ပွဲ လည်း စိန်ခေါ်နိုင်စွမ်းရှိနေတာာတွေ့ရပါတယ်။ဒီတော့ နောက်ထပ် ဘာဖြစ်လာမလဲဆိုတာ စိတ်ဝင်စားနေပါပြီ။” လို့ ဝင်းဂါးက ပြောလာတာပါ။

အလားတူ ထိုစဥ်က အာဆင်နယ်အသင်း ရှုံးပွဲမရှိခဲ့ချိန်မှာ အဓိက အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်ခဲ့တဲ့ ဂိုးသမားကြီး ယန်းလေမန်းကလည်း ၄၉ပွဲရှုံးပွဲမရှိ စံချိန်ကို ချိုးဖျက်နိုင်ရင် ဂုဏ်ပြုသွားမှာ ဖြစ်ပြီး ဘာဖြစ်လာမလဲ ဆိုတာကတော့ စောင့်ကြည့်သွားမယ်လို့ ဆိုလာပါတယ်။

Share

က္က