ဂျပန်နိုင်ငံ ပညာရေးတွင် နံပါတ် ၁ အောင်မြင်မှုရရှိထားတဲ့ Gakken Classroom

ဂျပန်နိုင်ငံ ပညာရေးတွင် နံပါတ် ၁ အောင်မြင်မှုရရှိထားတဲ့ Gakken Classroom နှင့် ပူးပေါင်းဖွင့်လှစ်ထားတဲ့ Gakken Myanmar Gone Young Center ရဲ့ တစ်နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို လာမယ့် ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့ မြန်မာ့ဂုဏ်ရောင်စင်တာမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားတော့မှာပါ။



ဒီပွဲမှာ 1st Anniversary ပွဲအပြင် Gakkenရဲ့သင်ကြားရေးစနစ်တွေနဲ့ ပရိုဂရမ်တွေကို မိဘတွေ လေ့လာသိရှိနိုင်မယ့် Parent Orientation လည်း ပါရှိမှာ ဖြစ်တာကြောင့် ကိုယ့်ကလေးရဲ့အနာဂတ်ပညာရေး စိတ်အေးလိုတဲ့ မိဘတိုင်းတက်ရောက်သင့်တဲ့ ပွဲတစ်ပွဲပဲဖြစ်ပါတယ်။

ပွဲတက်ရောက်လာတဲ့ ကလေးငယ်တွေအတွက် ပျော်စရာဂိမ်းအစီအစဉ်တွေအပြင် သချာၤစွမ်းရည်စစ်ဆေးတဲ့ Test ကိုလည်း အခမဲ့ ဖြေဆိုနိုင်ဦးမှာပါ။ 

နေ့လည် (၃)နာရီခွဲမှာ အခမ်းအနား စတင်ဖွင့်လှစ်ကာ ကျောင်းအပ်လက်ခံသွားမှာ ဖြစ်ပြီး အခမ်းအနား အစီအစဉ် စုစုပေါင်း (၆)ခုနဲ့ ကျင်းပသွားမှာပါ။

Level ပြီးဆုံးကြောင်း အသိအမှတ်ပြုလွှာ ပေးအပ်တဲ့ အခမ်းအနားနဲ့ Kid Model, Creative Contest Winner တွေကို ဆုလက်ဆောင်တွေ ချီးမြှင့်ပေးသွားမယ့် အစီအစဉ်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ပွဲအတွင်းမှာ ကျောင်းအပ်နှံမယ့် ကလေးငယ်တွေအတွက် Free Trail ကို ရရှိဦးမယ့်အပြင် နွေရာသီအတန်းတွေအတွက်လည်း Promotion ပေးအုံးမှာဆိုတော့ လက်မလွှတ်သင့်တဲ့အခွင့်အရေးပါပဲ။

Gakken မှာဆိုရင် ကလေးတစ်ယောက်ချင်းစီကို ၂၁ ရာစုနေထိုင်ရပ်တည်မှုအတွက် လိုအပ်တဲ့ ကျိုးကြောင်းဆက်စပ်တွေးခေါ်နိုင်စွမ်း၊ မိမိကိုယ်တိုင်လေ့လာသင်ယူ နိုင်စွမ်းတို့အပြင် ပြသာနာဖြေရှင်း နိုင်စွမ်းစတဲ့ အချက်တွေကို သင်္ချာဘာသာရပ်ကို အခြေခံပြီး KG ကနေ Grade 6 အထိကလေးတွေ အတွက် Original Worksheets တွေနဲ့လေ့လာသင်ယူခွင့်ရရှိမှာပဲဖြစ်ပါတယ်။

ကဲ ဖေဖေ၊မေမေတို့ရေ… ကြယ်ပွင့်လေးတွေနဲ့ တူတဲ့ မိမိရင်သွေးငယ်တွေ အနာဂတ်မှာ တောက်ပနိုင်ဖို့ အထောက်အပံ့ပေးမယ့် Gakken Classroom Myanmar Gone Young Center ရဲ့ 1st Anniversary & Parent Orientation အခမ်းအနားကို တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာမယ့် ပြည်ထောင်စုနေ့ ပိတ်ရက် ဖေဖေါ်ဝါရီ (၁၂) ရက်နေ့မှာ ကျင်းပမယ့် Gakken Classroom Myanmar Gone Young Centre ကနေ သားသားမီးမီးတို့အတွက် ပျော်စရာ ဂိမ်းတွေ၊ Buffet Snack တွေနဲ့ စောင့်ကြိုနေမှာမို့ ပွဲလေးကို တက်ရောက်ဖို့ လုံးဝမမေ့နဲ့နော်…။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က