လက်စတာနဲ့ပွဲ နောက်ဆုံးမိနစ်မှာဖြစ်ပွားခဲ့တာပါ။

ယူနိုက်တက်နဲ့လက်စတာတို့ မနေ့ညက ပရီးမီးယားလိဂ်ပွဲအဖြစ် ယူနိုက်တက်အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ကစားခဲ့ပါတယ်။ ဒီပွဲမှာ လက်စတာက အီဟီယန်နာချိုရဲ့ ဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် ယူနိုက်တက်က ဖရက်ဒ်ရဲ့ ချေပဂိုးကြောင့် တဖက်တဂိုးစီသရေနဲ့သာ ပွဲပြီးဆုံးခဲ့ပါတယ်။



ဒီပွဲရဲ့ နောက်ဆုံးမိနစ်မှာ ယူနိုက်တက်ပရိသတ်တွေအတွက် ရယ်ရခက်၊ ငိုရခက်ဖြစ်ရပ်တခု ဖြစ်ပွားခဲ့ပါတယ်။ အီလန်ဂါက ပင်နယ်တီဧရိယာထဲမှာ အပိုင်အခွင့်အရေးရမယ့် အသင်းဖော်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ကို ဖျက်ထုတ်မိသလိုဖြစ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်က တော်တော်ဆိုးရွားလွန်းပြီး ယူနိုက်တက်အနိုင်ဂိုးရနိုင်မယ့် အခွင့်အရေးကို ဆုံးရှုံးခဲ့ရတာပါ။

ဒါပေမယ့် ရပ်ရှ်ဖို့ဒ်လဲကျသွားခဲ့တာကြောင့် ယူနိုက်တက်တို့ နစ်နာခဲ့ရပြီး ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်ကတော့ ဒီဖြစ်ရပ်အတွက် ကွင်းလယ်ဒိုင်ကို ပင်နယ်တီသွားတောင်းခဲ့ပါတယ်။ ရပ်ရှ်ဖို့ဒ်ကို လဲကျအောင်လုပ်ခဲ့တဲ့ ကစားသမားက လက်စတာကစားသမား မဟုတ်ဘဲ အီလန်ဂါသာဖြစ်နေခဲ့တဲ့ အနေအထားမှာ ပင်နယ်တီတောင်းနေတဲ့ ဘရူနိုဖာနန်ဒက်စ်ကို ပရိသတ်တွေ အံ့အားသင့်ခဲ့ရပါတယ်။

တွစ်တာပေါ်က ပရိသတ်တွေကတော့ “ဘရူနိုတယောက် ဒီဖြစ်ရပ်မှာ ဘယ်လိုများ ပင်နယ်တီသွားတောင်းနေတာလဲ” “ပင်နယ်ဒက်စ်တယောက် ဘာတွေတောင်းနေပြန်တာလဲ” လို့ လှောင်ပြောင်ခဲ့ပါတယ်။ ယူနိုက်တက်ပရိသတ်တယောက်က “ဒီဖြစ်ရပ်ကြီးက ဘယ်လောက်တောင် ရှက်ဖို့ကောင်းလိုက်သလဲကွာ။ ငါတို့အသင်းက ဟာသဖြစ်နေပြီ” လို့လည်း ရေးသားခဲ့ပါတယ်။

ဒါ့အပြင် ပရိသတ်တယောက်က “ဟုတ်တာပေါ့ကွာ။ ဒီဖြစ်ရပ်မှာ အီလန်ဂါကို အနီကတ်ပြလိုက်ရမှာ။ သူက ရပ်ရှ်ဖို့ဒ် ဂိုးသွင်းမှာကို တားဆီးခဲ့တာလေ” လို့ ရေးသားခဲ့ပါသေးတယ်။ ယူနိုက်တက်ဟာ ဒီသရေပွဲကြောင့် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပိုမိုအလှမ်းဝေးသွားခဲ့ပြီလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က