ဆာကာက လက်ရှိမှာ အကောင်းဆုံးညာတောင်ပံကစားသမားလို့ ဆိုပါတယ်။

အင်္ဂလန်ကစားသမားဟောင်းတဦးဖြစ်တဲ့ ခရစ္စဆပ်တန်က ယူနိုက်တက်တောင်ပံကစားသမား အန်တိုနီအနေနဲ့ သူ့အခန်းထဲမှာ အာဆင်နယ်ကစားသမား ဆာကာရဲ့ ဓာတ်ပုံတွေကို ချိတ်ဆွဲထားချင်ရင် ချိတ်ဆွဲထားလိုက်လို့ ပြောဆိုလိုက်ပါတယ်။ အာဆင်နယ်နဲ့ အင်္ဂလန်အတွက် ခြေစွမ်းပြနေတဲ့ ဆာကာကို ချီးကျူးရင်း သူက ယူနိုက်တက်ကစားသမားကို ဝေဖန်ခဲ့တာပါ။ 

ဆာကာကလည်း အာဆင်နယ်အတွက် ခြေစွမ်းပြနေသလို အင်္ဂလန်အတွက်လည်း ညက ယူကရိန်းနဲ့ပွဲမှာ တဂိုးသွင်း၊ တဂိုးဖန်တီးပေးကာ ခြေစွမ်းပြသွားခဲ့ပါတယ်။ အာဆင်နယ်အတွက် ပြိုင်ပွဲစုံသွင်းဂိုး ၁၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၀ ကြိမ်အထိ ဆာကာက ပြုလုပ်ပေးထားပြီး ယူရိုခြေစစ်ပွဲမှာ အင်္ဂလန်အတွက် ၂ပွဲကစားအပြီး ၁ဂိုးသွင်း၊ ၁ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ 

ဆပ်တန်က "ဆာကာက ညာတောင်ပံမှာဆိုရင် အကောင်းဆုံးကစားသမားပါပဲ၊ ဒီရာသီမှာ ဆာလာက လီဗာပူးလ်အတွက် အရင်တုန်းကလို အခြေအနေမျိုးနဲ့ ခြေစွမ်းမပြနိုင်ဖြစ်နေပါတယ်၊ မာရက်ဇ်က မန်စီးတီးအတွက် မယုံနိုင်အောင်ကောင်းမွန်နေပေမယ့် ကျနော်ကတော့ ဆာကာက သူ့ထက်ပိုကောင်းတယ်လို့ ထင်ပါတယ်"

"အန်တိုနီကတော့ ကျနော် ဘာမှကိုမပြောချင်တ​ော့တာပါ၊ သူသာ ဆန္ဒရှိမယ်ဆိုရင် ဆာကာရဲ့ ပိုစတာတွေကို သူ့အခန်းနံရံမှာပါ ချိတ်ဆွဲထားလို့ရနေပါပြီ" လို့ ပြောဆိုသွားခဲ့ပါတယ်။ အန်တိုနီကတော့ ယူနိုက်တက်ကို ဒီရာသီကမှ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ၇ ဂိုးသွင်းယူပေးထားကာ ဖန်တီးမှု ၁ ကြိမ် ပြုလုပ်ပေးထားခဲ့သူဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က