အင်္ဂလန်တိုက်စစ်မှူးအပေါ် အားမလိုအားမရဖြစ်နေတာပါ။

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းရွိုင်ကိန်းဟာ ယူနိုက်တက်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို အခုထက်ပိုပြီးတော့ ကြိုးစားအားထုတ်ဖို့အတွက် တိုက်တွန်းလိုက်ပါတယ်။ ဒီရာသီမှာ အသင်းအတွက် ခြေစွမ်းမပြနိုင်ဖြစ်နေပြီး ကစားပုံကလည်း အရမ်းအားနည်းနေတဲ့ ရက်ရှ်ဖို့ဒ်ဟာ ဝေဖန်မှုတွေ အပြင်းအထန်ခံနေရပြီး သူ့အပေါ် မေးခွန်းထုတ်မှုတွေကိုလည်း ရင်ဆိုင်နေရပါတယ်။

နည်းပြတန်ဟက်ဂျ်က ရက်ရှ်ဖို့ဒ်ကို ယုံကြည်မှုအပြည့်ပေးကာ ပုံမှန်ပွဲထွက်ခွင့်ပေးနေပေမယ့် ကစားသမားကတော့ ခြေစွမ်းမပြသနိုင်တာဖြစ်ပါတယ်။ ဒီရာသီမှာ သူက ပြိုင်ပွဲစုံ ၁၈ ပွဲကစားထားပြိး သွင်းဂိုး ၂ဂိုးတည်းသာ ရရှိထားကာ ပြီးခဲ့တဲ့ရာသီက ဂိုးပေါင်း ၃၀ သွင်းယူခဲ့တဲ့ ခြေစွမ်းနဲ့ တခြားစီဖြစ်နေခဲ့ပါတယ်။ 

ရွိုင်ကိန်းက "သူက အင်္ဂလန်ကစားသမားပါ၊ ကြီးမားတဲ့စာချုပ်တခုလည်း ရထားပြီးတော့ ဒါက အရမ်းကောင်းပါတယ်၊ ဒါပေမယ့် ကျနော့်အတွက်တော့ သူ့ဆီကနေ နည်းနည်းပိုလိုနေပါတယ်၊ ရှေ့မှာ သူ ပြေးလွှားနေပေမယ့်လည်း နောက်ကိုပြန်ပြေးဖို့လည်း လိုပါတယ်၊ ကျနော်တို့ ကွင်းထဲမှာ ကာဗာလုပ်ထားနိုင်ရမှာပါ"

"အခု သူ့အသက်က ၂၆ နှစ်ရှိနေပြီ၊ ကလေးမဟုတ်တော့ပါဘူး၊ ဥပမာအနေနဲ့ သူက အသင်းကို သေချာပေါက်ဦးဆောင်ပြရမှာပါ၊ အဝတ်လဲခန်းထဲမှာ သူက အတွေ့အကြုံအရှိဆုံးကစားသမားဖြစ်ပြီးတော့ စံနမူနာကစားသမားတဦးအနေနဲ့ သူ မလုပ်ပြနိုင်ရင်တော့ ဒါက မကောင်းမွန်ပါဘူး" လို့ ပြောဆိုသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က