ကျောနံပါတ် ၁၀ ပါ ရအောင် လုပ်ပေးမယ်လို့ အာမခံလိုက်တာပါ။

အာဂျင်တီးနားနဲ့ အက်သလက်တီကိုကွင်းလယ်ကစားသမား ဒီပေါလ်ကတော့ လက်ရွေးစင်အသင်းဖော် မက်ဆီကို သူနဲ့ အတူ စပိန်ကလပ်မှာ လာရောက်ကစားဖို့ ပြောသွားခဲ့ပါတယ်။ မက်ဆီနဲ့ ပီအက်စ်ဂျီအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး အနာဂတ်နဲ့ ပတ်သက်တဲ့ ထင်ကြေးတွေကလည်း အများအပြားထွက်ပေါ်နေချိန်မှာ ဒီပေါလ်က သူနဲ့အတူ လာကစားပါလားလို့ ပြောလိုက်တာပါ။ 

မက်ဆီကို ပီအက်စ်ဂျီအသင်းက သက်တမ်းတိုးစာချူပ်ချုပ်ဆိုဖို့ ကြိုးစားနေသလို အသင်းဟောင်း ဘာစီလိုနာကလည်း ပြန်လည်ခေါ်ယူချင်နေတာပါ။ လက်ရှိအချိန်ထိတော့ မက်ဆီရဲ့ အနာဂတ်က ဘာမှန်းမသိရသေးဘဲ ပြင်သစ်မှာ ဆက်ကစားမှာလား၊ အသင်းပြောင်းမှာလားဆိုတာကို အားလုံးက စောင့်ကြည့်နေပြီး ပီအက်စ်ဂျီကတော့ မက်ဆီကို ထိန်းသိမ်းထားနိုင်မယ်လို့ ယုံကြည်နေပါတယ်။ 

ဒါ့အပြင် မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားတယ်လို့ ပြောထားခဲ့ပါတယ်။ ဒါပေမယ့် မက်ဆီကတော့ အခုအချိန်ထိ ဘာမှမပြောသေးတဲ့အချိန်မှာ ဒီပေါလ်က အက်သလက်တီကိုအသင်းထံ လာကစားဖို့ ပြောခဲ့တာဖြစ်ပါတယ်။

ဒီပေါလ်က "မက်ဆီကို ဒီကိုလာခဲ့ပါ။ကျွန်တော်တို့က မက်ဆီကို ကျောနံပတ် ၁၀ ပေးဖို့ ကော်ရီယာကို ပြောထားပါတယ်။ပြီးတော့ ကျွန်တော်တို့ဟာ မက်ဒရစ်မြို့လယ်က တိုက်ခန်းတစ်ခန်းကိုလည်း ရှာဖွေနေတယ်"လို့ ပြောခဲ့ပါတယ်။ မက်ဆီနဲ့ ဒီပေါလ်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားကို အာဂျင်တီးနားအသင်းရယူနိုင်အောင် စွမ်းဆောင်ပေးခဲ့ကြပါတယ်။

ဒီပေါလ်ဆိုတာကလည်း အချိန်တိုင်း မက်ဆီနားမှာပဲ ရှိနေလို့ မက်ဆီရဲ့ ကိုယ်ရံတော်လို့တောင် အားလုံးက ဝိုင်းစနေကြတာပါ။ အာဂျင်တီးနားအတွက် ကစားပေးချိန်ဆိုရင် ကွင်းတွင်းကွင်းပြင်မှာ ဒီပေါလ်ကို မက်ဆီရဲ့ အနားမှာပဲ မြင်နေရပြီး ကမ္ဘာ့ဖလားအောင်ပွဲခံတုန်းက မူးပြီး အိမ်ကိုပြန်လာချိန်မှာလည်း သူ့မိန်းမကို မက်ဆီထင်ပြီး မက်ဆီ၊ မင်းကို ငါချစ်တယ်လို့ ဒီပေါလ်က ပြောခဲ့ဖူးကြောင်း သတင်းတွေထွက်ခဲ့ပါသေးတယ်။ 

Share

Loading Next Article...
က္က