ရော်နယ်ဒိုကို ဝေဖန်ခဲ့တဲ့အပေါ် ပြန်တုံ့ပြန်ခဲ့တာပါ။

လူစားလဲခံရပြီးနောက် ရော်နယ်ဒိုဟာ အရန်ခုံတန်းမှာ ထိုင်နေဖို့ထက် ကွင်းဘေးနားကနေ အသင်းဖော်တွေကို ညွှန်ကြားမှုတွေပြုလုပ်ခဲ့တာကို တွေ့မြင်ခဲ့ရပြီး ဒီဖြစ်ရပ်အတွက် ဖာဒီနန်က ဝေဖန်ခဲ့တာဖြစ်ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းနည်းပြဆိုးလ်ရှားက ယန်းဘွိုင်းစ်နဲ့ပွဲမှာ နည်းစနစ်ဧရိယာအတွင်းဝင်ရောက်ပြီး ညွှန်ကြားမှုတွေလုပ်ခဲ့တဲ့ ရော်နယ်ဒိုကို အသင်းဖော်ဟောင်းရီယိုဖာဒီနန်က ဝေဖန်မှုနဲ့ပတ်သက်ပြီး ပြန်လည်တုံ့ပြန်မှုတွေပြုလုပ်သွားခဲပါတယ်။ ဆွစ်ဇာလန်မှာကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ယူနိုက်တက်ဟာ ယန်းဘွိုင်းကို အံ့အားသင့်ဖွယ်ရာ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး မျက်နှာပျက်စရာဖြစ်ခဲ့ရပါတယ်။ 

ရော်နယ်ဒိုက ယူနိုက်တက်အတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီး ဒုတိယပိုင်းမှာ လူစားလဲလှယ်ခံခဲ့ရပါတယ်။ လူစားလဲခံရပြီးနောက် ရော်နယ်ဒိုဟာ အရန်ခုံတန်းမှာ ထိုင်နေဖို့ထက် ကွင်းဘေးနားကနေ အသင်းဖော်တွေကို ညွှန်ကြားမှုတွေပြုလုပ်ခဲ့တာကို တွေ့မြင်ခဲ့ရပြီး ဒီဖြစ်ရပ်အတွက် ဖာဒီနန်က ဝေဖန်ခဲ့တာဖြစ်ပါတယ်။ သူသာ နည်းပြဆိုရင် ရော်နယ်ဒိုကို သွားထိုင်နေဖို့သာ ပြောမှာဖြစ်တယ်လို့ ဖာဒီနန်က BT Sport ကတဆင့် ပွဲသုံးသပ်နေချိန်မှာ ပြောဆိုခဲ့ပါတယ်။ 

ဒီပြောဆိုမှုနဲ့ပတ်သက်ပြီး ဆိုးလ်ရှားက ဝက်စ်ဟမ်းနဲ့ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ "ရီယို၊ ခင်ဗျားတို့လည်းသိပါတယ်၊ တခါတလေမှာ သူက သူ အမှန်တကယ်မသိတဲ့အရာတွေကို လျှောက်ပြောတတ်ပါတယ်၊ မာတစ်ကို ဆွဲလှဲခဲ့လို့ ယန်းဘွိုင်းကစားသမားကို အဝါကတ်ပြသခဲ့သင့်ပါတယ်၊ ရော်နယ်ဒိုနဲ့ ဖာနန်ဒက်စ်၊ သူတို့ အဲဒီခဏလေးအတွင်းမှာ ကွင်းလယ်ဒိုင်ကို ၀ိုင်းပြီးတော့ အော်ဟစ်စောဒကတက်ခဲ့ကြတာပါ၊ ကျွန်တော်တို့အတွက် ဆိုးရွားတဲ့ဆုံးဖြတ်ချက်တွေဖြစ်ခဲ့တာ စိတ်ပျက်စရာပါပဲ"


"ဒါပေမယ့် အဲဒီနောက်မှာ ရော်နယ်ဒိုရော၊ ဖာနန်ဒက်စ်ပါ ထိုင်နေခဲ့ကြပါတယ်၊ နည်းစနစ်ဧရိယာထဲမှာ တစ်ယောက်တည်းနေခွင့်ပြုတယ်ဆိုတာ ကျွန်တော်တို့သိပါပါတယ်၊ ကျွန်တော်၊ ဒါမှမဟုတ် ကာရစ်၊ ဒါမှမဟုတ် မိုက်ဖီလန်တစ်ယောက်ယောက် အဲဒီမှာရှိနေရမှာပေါ့၊ ဒီလိုစိတ်ဓာတ်မျိုးကို သူတို့ပြသခဲ့လို့ ကျွန်တော့်အတွက် ဘာပြသနာမှမရှိပါဘူး၊ ရော်နယ်ဒိုက သူ့ကစားသမားတွေကို နည်းပြလုပ်ခဲ့တာကို ကြိုက်လားဆိုရင်တော့ နိုးပါ" လို့ ပြောဆိုခဲ့ကြောင်း Metro က ဖော်ပြခဲ့ပါတယ်။ 

ဖာဒီနန်ကတော့ ဘောလုံးပွဲဝေဖန်သုံးသပ်သူအဖြစ် တာဝန်ယူနေတာဖြစ်ပြီး အသင်းဟောင်းယူနိုက်တက်နဲ့ပတ်သက်ကာ အမြဲတစေသုံးသပ်ပြောဆိုလေ့ရှိသူဖြစ်ပါတယ်။ အသင်းကို အခုချိန်ထိ ကိုယ်ရောစိတ်ပါအားပေးနေသူဖြစ်ပြီး ရော်နယ်ဒို ပြန်လည်ပြောင်းရွှေ့လာအောင် ကူညီပေးခဲ့တဲ့သူတွေထဲက တစ်ဦးလည်းဖြစ်ပါတယ်။

Share

က္က