တရုတ်နိုင်ငံရဲ့ အင်အားကြီး eCommerce ကုမ္ပဏီ JD.com ကတော့ တရုတ်ပညာရေးဈေးကွက်ကို ထိုးဖောက်ဖို့Minecraft: Education Edition ရဲ့ လိုင်စင်တွေ ဝယ်ယူလိုက်ပြီ ဖြစ်ပါတယ်။
ဝယ်ယူထားတဲ့ Minecraft: Education Edition ဗားရှင်းကို ကုမ္ပဏီရဲ့ cloud ဝန်ဆောင်မှုလုပ်ငန်းဖြစ်တဲ့ JD Cloud မှာ သုံးသွားမှာ ဖြစ်တယ်လို့Technode သတင်းမှာ ဖော်ပြထားပါတယ်။ Minecraft: Education Edition ဟာ ပညာရေးသုံး snadbox ဂိမ်းအနေနဲ့ထွက်ထားတာ ဖြစ်ပြီး ဒီဂိမ်းမျာ ဆရာတွေရဲ့ သင်ရိုးညွှန်တမ်းနဲ့ပေါင်းစပ်ပေးမယ့် software ထည့်သွင်းထားပါတယ်။
တရုတ်ဗားရှင်း Minecraft ကို ၂၀၁၆ က ဖြန့်ချိခဲ့တာ ဖြစ်ပြီး တရုတ်ရဲ့ ဒုတိယအကြီးဆုံး အွန်လိုင်းဂိမ်းကုမ္ပဏီ NetEase နဲ့ဆွီဒင်ဂိမ်း developer ဖြစ်တဲ့ Mojang တို့အကြား လိုင်စင်သဘောတူညီမှုနဲ့ဖြန့်ချိခဲ့တာလည်း ဖြစ်ပါတယ်။ Minecraft : Education Edition ကို နိုင်ငံပေါင်း ၁၀၀ ကျော်က လူပေါင်း သန်း ၉၀ ကျော် သုံးစွဲနေပြီး အမေရိကန်တစ်နိုင်ငံတည်းမှာ သုံးစွဲသူ ၃၅ သန်း ရှိနေတာပါ။
Minecraft ရဲ့ ပညာရေးဆိုင်ရာ ဗားရှင်းကို တရုတ်နိုင်ငံအတွင်း တစ်ဦးတည်း မူပိုင်ရသွားတဲ့ JD Cloud အနေနဲ့တရုတ်ကုမ္ပဏီများနဲ့ပူးပေါင်း သွားဖို့စီစဉ်နေပါတယ်။ အခုလို ဝယ်ယူမှုကြောင့် JD Cloud ဟာ ကျောင်းသားနဲ့ဆရာများအတွက် လိုအပ်တဲ့ ပညာရေး ဝန်ဆောင်မှုများ ၊ content နဲ့ဆော့ဖ်ဝဲလ် ၊ hardware များကို တစ်နေရာတည်းမှာ ဝန်ဆောင်မှုပေးနိုင်တဲ့ one-stop ပလက်ဖောင်း ဖြစ်လာမှာပါ။
Photo: technode
ဒါ့အပြင် JD.com ရဲ့ Cloud Computing ၊ Big Data ၊ IoT နဲ့အင်တာနက်ဆိုင်ရာ အရင်းအမြစ်များကို ပိုပြီး အရှိန်မြှင့်တင်နိုင်တော့မှာလည်း ဖြစ်ပါတယ်။ တရုတ်ဗားရှင်း Minecraft : Education Edition ဟာ လက်ရှိမှာ စမ်းသပ်ဆဲအဆင့်မှာပဲ ရှိသေးတာ ဖြစ်ပြီး ဒီဂိမ်းကနေ ကမ္ဘာ့အဆင့် နည်းပညာ solutions တွေ ထုတ်ဖို့ကူညီနိုင်မယ်လို့မျှော်လင့်ကြောင့် JD Cloud ရဲ့ ဈေးကွက်အကြီးအကဲ Wu Yiheng က ပြောပါတယ်။ Microsoft ကလည်း တရုတတ်စမတ်ပညာရေးအသိုင်းအဝိုင်း ပေါ်ပေါက်လာစေဖို့လက်တွဲကူညီနေတယ်လို့လည်း သူက ဆိုပါတယ်။
JD.com ဟာ ၂၀၁၇ ခုနှစ်မှာ ပညာရေးဈေးကွက်ကို အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာ ကုမ္ပဏီအနေနဲ့Instituional user ၂၀၀ ကျော်နဲ့လစဉ်သုံးစွဲတဲ့ Active Students ပေါင်း ၃၆ သန်း ကျော် ရှိထားတယ်လို့ဆိုပါတယ်။