ပိုင်တံခွန်ဟာ မိဘနှစ်ပါးအတွက် အရင်ကတည်းက ဖြစ်စေချင်ခဲ့တဲ့ အိပ်မက်တစ်ခုကို အကောင်အထည်ဖော်နိုင်ခဲ့လို့ ဝမ်းသာမဆုံးဖြစ်လို့နေပါတယ်။
Photo: Paing Takon
ပိုင်တံခွန်ကတော့ သူချစ်ရတဲ့ မိဘနှစ်ပါးအတွက် အိမ်တစ်လုံး၊ ကား တစ်စီး ဝယ်ပေးခဲ့တာကို တွေ့ရပါတယ်။ မိဘ နှစ်ပါးရဲ့ ပျော်ရွှင်မှုက သူ့အတွက် အရမ်းပီတိဖြစ်ရတယ်လို့ သူက ဆိုပါတယ်။
Photo: Paing Takon
ပိုင်တံခွန်ရဲ့ သိတတ်လိမ္မာမှုတွေကို အနုပညာရှင်များစွာတို့ကလည်း Comment ကနေတဆင့် ချီးကျူးဂုဏ်ပြုခဲ့ကြတာကို တွေ့ရပါတယ်။ ပိုင်တံခွန်ကိုယ်တိုင်ကလည်း မိဘနှစ်ပါးအတွက် သူ့စိတ်ကူးထဲက ပုံရိပ်လေးကို အကောင်အထည်ဖော်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
Photo: Paing Takon
ပိုင်တံခွန်ဟာ အနုပညာလောကထဲကို မော်ဒယ်လ် တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ သူဟာ နိုင်ငံတကာမှာရှိတဲ့ အနုပညာရှင်တွေနဲ့လည်း လက်တွဲအလုပ်လုပ်နေရသူ တစ်ယောက်ဖြစ်ပါတယ်။ သူက မော်ဒယ်လ်အလုပ်သာမက သရုပ်ဆောင်တစ်ယောက်အဖြစ် ရုပ်ရှင်ကားကြီးတွေလည်း ရိုက်ကူးနေရပြီဖြစ်သလို ဂီတဘက် ကိုလည်း ဝါသနာပါတာကြောင့် သူ့ရဲ့ တစ်ကိုယ်တော် Mini Album လေးဖြစ်တဲ့ "ချစ်သူ" ဆိုတဲ့ တေးစီးရီးကိုလည်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ က ထွက်ရှိခဲ့ပါသေးတယ်။