ချမ်းမြေ့မောင်ချိုဟာ သူ့ရဲ့ အသက်(၂၁) နှစ်ပြည့် မွေးနေ့ အမှတ်တရလေးမှာ မိဘနှစ်ပါးအတွက် သူ့ရင်ထဲက စကားတွေကို အခုလိုပြောထားတာ တွေ့ရပါတယ်။
Photo: Chan Myae Mg Cho
အဆိုတော် ချမ်းမြေ့မောင်ချိုကတော့ စက်တင်ဘာလ(၂၀) ရက်နေ့တုန်းက အသက်(၂၁) နှစ်ပြည့်သွားပြီဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့မှာ မိဘနှစ်ပါးအတွက် အခုလို စကားလက်ဆောင်လေး ပြောထားတာကို တွေ့ရပါတယ်။
" ၂၁ နှစ်တိုင်တိုင် အနီးကပ်ကျွေးမွေးပြုစုသော မေကြီးနဲ့ အဝေးကနေ ကြည့်ရှုစောင့်ရှောက်သော ဖေကြီး သို့ .....သမီးကောင်းမဟုတ်ပေမယ့် သမီးဆိုးမဖြစ်အောင် ကြိုးစားနေထိုင်ပါ့မယ်။ သမီးလိမ္မာ မဟုတ်ပေမယ့် သမီးမိုက်မဖြစ်အောင်ကြိုးစားနေထိုင်ပါ့မယ် လို့ ကတိပေးပါတယ်။
Photo: Chan Myae Mg Cho
ချမ်းမြေ့မောင်ချိုဟာ အခုချိန်ထိ မိဘနှစ်ပါးရဲ့ စကားကို နားထောင်လေ့ရှိတဲ့ သမီးလိမ္မာလေး တစ်ယောက်ဆိုလည်း မမှားပါဘူး။ မိဘနှစ်ပါးရဲ့ ဆုံးမသွန်သင်မှုတွေကြောင့် အခုလို ဖြစ်လာတာလို့လည်း သူက ဆိုပါတယ်။
Photo: Chan Myae Mg Cho
ချမ်းမြေ့မောင်ချိုကိုတော့ Myanmar Idol (Season 3) ရဲ့ သီချင်းဆို ပြိုင်ပွဲကနေတဆင့် ပရိသတ်တွေ အားပေးခဲ့ကြတာဖြစ်ပါတယ်။ သူမဟာ ဝါရင့်အဆိုတော် အိအိ ရဲ့ သမီးငယ်လေးဖြစ်သလို၊ သရုပ်ဆောင် သူရမောင်ချိုရဲ့ ညီမငယ်လေးလည်းဖြစ်ပါတယ်။ ချမ်းမြေ့မောင်ချိုဟာ သီချင်းဆို ပြိုင်ပွဲပြီးသွားတဲ့နောက်မှာလည်း ဖျော်ဖြေပွဲတွေ သီဆိုနေရတာဖြစ်သလို ‘’အိပ်မက်’’ ဆိုတဲ့ Single Song လေးလည်း ထွက်ရှိခဲ့ပြီးဖြစ်ပါတယ်။ မွေးနေ့ အမှတ်တရ အနေနဲ့ မိခင်ဖြစ်သူ အဆိုတော် အိအိ၊ အစ်ကိုဖြစ်သူ သရုပ်ဆောင် သူရမောင်ချိုနဲ့ အဆိုတော် ချမ်းမြေ့မောင်ချို တို့သီဆိုထားတဲ့ " သမီးချော့တေး" သီချင်းလေးကိုလည်း စက်တင်ဘာလ(၂၀) ရက်နေ့က အွန်လိုင်းစာမျက်နှာပေါ်မှာ မိတ်ဆက်ပေးခဲ့ပါသေးတယ်။