Apple ဟာ လာမယ့် ၂၀၂၀ နှစ်ကုန်ပိုင်းနဲ့၂၀၂၁ နှစ်လယ်ပိုင်းမှာ အဆင့်မြင့် display တွေ သုံးထားတဲ့ iPad နဲ့MacBook တွေ မိတ်ဆက်သွားဖို့ရှိပါတယ်။
TF International Securities က Apple အကြောင်းလေ့လာနေတဲ့ မင်ချိကုအိုရဲ့ ပြောကြားချက်အရ ရုပ်ထွက် နဲ့ကာလာပိုကောင်းပြီး စွမ်းအင် သုံးစွဲမှု နည်းပါးတဲ့ Mini-LED display သုံး high-end မော်ဒယ် iPad နဲ့MacBook တွေ မိတ်ဆက်သွားမယ်လို့ဆိုပါတယ်။ MacRumors သတင်းအရ ဒီ iPad နဲ့MacBook တို့ရဲ့ Mini-LED (microLED) display ဟာ LED မီးလုံးပေါင်း ၁ သောင်းခန့်သုံးသွားဖို့ရှိတယ်လို့ဖော်ပြထားပါတယ်။
Photo: MacRumors
Apple ရဲ့ ဒေါ်လာ ၅၀၀၀ ဈေးကနေ စတင်ရောင်းချသွားမယ့် Pro Display XDR မှာတောင် LED ပေါင်း ၅၇၆ ခုပဲ သုံးထားတာပါ။ microLED မှာ သုံးတဲ့ LED တစ်ခုချင်းစီဟာ အရွယ်အစားအားဖြင့် 200 micron ထက်တောင် သေးဖို့ရှိပါတယ်။ မင်ချိကုအိုရဲ့အဆိုအရ ဒီ iPad နဲ့MacBook မော်ဒယ်တွေဟာ display size အနေနဲ့၁၀-၁၂ လက်မနဲ့၁၅-၁၇ လက်မတွေအကြား ရှိနိုင်တယ်လို့ဆိုပါတယ်။
Apple ဟာ display ပေါ် နောက်ဆုံးထွက် ပုံရိပ်ဟောင်း ထင်ကျန်နေတဲ့ burn-in ပြဿနာရှောင်ဖို့နဲ့OLED display အတွက် Samsung ပေါ် မှီခိုနေရမှုကို လျှော့ချဖို့microLED စနစ်ကို စဉ်းစားတာလည်း ဖြစ်နိုင်ပါတယ်။ mini-LED display panel တွေကို LG Display က ထုတ်လုပ်ပေးနေပြီး mini-LED နဲ့ဆက်စပ်တဲ့ တစ်ခြား ပစ္စည်းအစိတ်အပိုင်းတွေကိုတော့ Epistar ၊ Zhen Ding ၊ Radiant Opto-Electronics ၊ Nichia ၊ Avary Holding နဲ့TMSC တို့က ထုတ်လုပ်နေတာပါ။
Photo: iclarified
mini-LED display သုံးမယ့် ထုတ်ကုန်တွေဟာ ပိုမိုပါးလွှာ ပေါ့ပါးပြီး ကာလာစုံပုံဖော်မှု ၊ အလင်းအမှောင်အနေအထား ပြတ်သားမှုနဲ့HDR ရုပ်ထွက်တွေအပြင် screen backlight မှိန်တဲ့ local dimming စနစ်တွေ ပိုကောင်းလာမှာပါ။ Apple ဟာ လာမယ့် ၂၀၂၀ စတုတ္ထသုံးလပတ်နဲ့၂၀၂၁ ပထမသုံးလပတ်တွေမှာ iPad သစ် ဖြန့်ချိဖို့စီစဉ်ထားပြီး ၂၀၂၁ ပထမနဲ့ဒုတိယသုံးလပတ်တွေအတွင်းမှာ MacBook သစ် ထုတ်လုပ်သွားဖို့စီစဉ်ထားပါတယ်။