ထွက်ရှိမယ့်ရက် မသိရသေးပါဘူး။

display ဆိုဒ်အကြီးစားတွေ သိပ်အာရုံမလာသူတွေအတွက် Xiaomi က compact ဖြစ်မယ့်ဖုန်းသစ် ကြေညာဖို့ ရှိပါတယ်။ 

ပရီမီယံစီးရီးဖုန်းသစ်တွေ ဖြစ်တဲ့ Xiaomi 12 lineup ကနေ မော်ဒယ် ၄ မျိုး ထွက်ဖို့ ရှိပြီး ဒီထဲမှာ mini ဗားရှင်းဆိုဒ် Xiaomi 12X လည်း ပါမယ်လို့ သတင်းထွက်နေပါတယ်။ Kacper Skrzypek ဆိုတဲ့ MIUI tipser တစ်ယောက်ကတော့ Twitter ပါ်မှာ Xiaomi 12X အကြောင်း သတင်းပေးထားတာ ရှိပါတယ်။ IMEI Database စာရင်းမှာ Psyche ဆိုတဲ့ ကုဒ်နာမည်ပေးထားတဲ့ Xiaomi 12X ဟာ မော်ဒယ်နံပါတ် 2112123AG ဖြစ်မယ်လို့ ဆိုပါတယ်။ 





ဒီဖုန်းဟာ 145.4 x 65.4mm (၆.၂၈ လက်မ) display နဲ့လာမယ်လို့လည်း Skrzypek က ပြောထားပါတယ်။ AMOLED HDR 10 FHD+ ရုပ်ထွက်ပါရှိပြီး အမြင့် Refresh Rate ဖြစ်တဲ့ 120Hz နဲ့ လာမှာပါ။ display ဆိုဒ်အရ လက်ရှိ Flagship တန်း Xiaomi ဖုန်းတွေထဲမှာ အသေးဆုံးမော်ဒယ်ထဲက တစ်ခု ဖြစ်မှာပါ။ တခြား features တွေအနေနဲ့ Snapdragon 870 processor နဲ့ ကျောဘက် 50MP main sensor တို့ ပါဝင်ဖို့ ရှိပါတယ်။ 

Xiaomi 12 စီးရီးမှာ Xiaomi 12X နဲ့အတူ ပရီမီယံပိုဆန်တဲ့ flagship processor သုံး Xiaomi 12 ၊ Xiaomi 12 Ultra တို့လည်း မိတ်ဆက်သွားဖို့ ရှိပါတယ်။ အခုထိတော့ Xiaomi 12 ထွက်မယ့်ရက် မကြေညာသေးပါဘူး။ ပုံမှန်အချိန်ဇယားအတိုင်းဆိုရင် နောက်နှစ် နှစ်ဆန်းပိုင်းမှာ ထွက်ဖို့ ရှိပါတယ်။ Xiaomi 12X ဟာ ဥရောပ ၊ အရှေ့အလယ်ပိုင်းနဲ့ တခြား ကမ္ဘာ့ဈေးကွက်တွေထဲ ဖြန့်မှာ ဖြစ်ပြီး အိန္ဒိယမှာတော့ ဝင်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က