အင််တာမိုင်ယာမီကို ပြောင်းရွှေ့ဖို့အတွက် ဖလော်ရီဒါကို ရောက်ရှိနေပြီဖြစ်တဲ့ မက်ဆီဟာ ကံကောင်းထောက်မလို့သာ ပြင်းထန်တဲ့ ကားမတော်တဆမှုကနေ ကင်းလွတ်ခဲ့တဲ့ အဖြစ်ကို ရင်ဆိုင်ခဲ့ရပါတယ်။ မက်ဆီဟာ မီးနီးကို ဖြတ်မောင်းမိခဲ့ပြီးနောက် ကားကိုအရှိန်သတ်နိုင်ခဲ့လို့သာ ကံ့ကောင်းခဲ့တာပါ။
ဒီလိုမျိုး မီးနီကိုဖြတ်သွားချိန်မှာ Fort Lauderdale ရဲကားတစီးက နောက်ကနေ ထပ်ချပ်မကွာလိုက်ပါသွားခဲ့လို့ အခြားကားတွေကလည်း အရှိန်လျော့ခဲ့ပြီး မက်ဆီရဲ့ ကားနဲ့ တိုက်မိခြင်းမရှိခဲ့တာပါ။ ဒါပေမယ့် ဒီကားကိုတော့ မက်ဆီကိုယ်တိုင်မောင်းနှင်သလားဆိုတာကိုတော့ သေချာမသိရသေးပါဘူး။
မက်ဆီဟာ အင်တာမိုင်ယာမီနဲ့ တရားဝင်စာချုပ်ချုပ်ဆိုရသေးခြင်းမရှိသေးဘဲ စာချုပ်ချုပ်ဆိုဖို့အတွက် ရက်က နီးကပ်နေပြီဖြစ်ပါတယ်။ ဇူလိုင်လ ၂၁ ရက်နေ့မှာ သူက အသင်းသစ်အတွက် ပထမဆုံးပွဲကို ဝင်ရောက်ကစားပေးဖို့ရှိနေကာ လိဂ်ဖလားပွဲအဖြစ် မက္ကဆီကိုကလပ် Cruz Azul နဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။
အဆိုပါကိစ္စတွေမတိုင်ခင်မှာ သူ ကားမတော်မဆမှုကြောင့် ဒဏ်ရာရရှိခဲ့မယ်ဆိုရင်တော့ မျှော်လင့်မထားတာတွေကို ရင်ဆိုင်ခဲ့ရမှာပါ။ အခုတော့ ကံကောင်းစွာနဲ့ပဲ ဘာမှမဖြစ်ခဲ့ဘူးလို့သိရပြီး သူ့နေအိမ်ကိုလည်း ရဲကားက လိုက်ပါသွားကာ စောင့်ရှောက်မှုပေးခဲ့တယ်လို့ သိရပါတယ်။