အပြစ်တင်စရာအကြောင်းမရှိဘူးလို့ ဆိုပါတယ်။

ခရိုအေးရှားနဲ့ပွဲမှာ ဘယ်လ်ဂျီယံတို့ အနိုင်ရဖို့အတွက် အပိုင်အခွင့်အရေးတွေရရှိခဲ့ပေမယ့် လူစားဝင်တိုက်စစ်မှူးလူကာကူကတော့ အံ့အားသင့်ဖွယ်ရာလွဲခ​ျော်ခဲ့ပါတယ်။ ဒဏ်ရာပြသနာကြောင့် ကမ္ဘာ့ဖလားမှာ ဘယ်လ်ဂျီယံအတွက် ပွဲထွက်ခွင့်မရသလို ပြန်ကစားနိုင်ဖို့တောင် ရုန်းကန်ခဲ့ရတဲ့ လူကာကူဟာ အပိုင်အခွင့်အရေး သုံးလေးကြိမ်ခန့်ကို လွဲချော်ခဲ့တာဖြစ်ပါတယ်။ 

ဒီပွဲကတော့ ဂိုးမရှိသရေကျခဲ့ပြီး ဘယ်လ်ဂျီယံတို့ အုပ်စုအဆင့်ကနေပဲ လှည့်ပြန်ခဲ့ရပါတယ်။ မဖြစ်မနေနိုင်ပွဲရဖို့ လိုအပ်နေခဲ့တာဖြစ်ပြီး အခွင့်အရေးကောင်းတွေ ရပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် နာမည်ကျော်ကစားသမားတွေပိုင်ဆိုင်ထားတဲ့  ဘယ်လ်ဂျီယံတို့ အိမ်ပြန်စောခဲ့ပါတယ်။ ပွဲအပြီးမှာ လူကာကူကိုယ်တိုင်လည်း သူ့ရဲ့ အားနည်းချက်တွေအတွက် ဒေါသထွက်ခဲ့ပြီး အရန်ခုံတန်းကိုထိုးကြိတ်တာတွေပါ လုပ်ခဲ့ပါတယ်။ 

ဒါပေမယ့် ဒရော့ဘာကတော့ လူကာကူကို အပြစ်မတင်သင့်ဘူးလို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။ BBC ကို သူက ပြောဆိုခဲ့တာကတော့ "လူကာကူအတွက် ကျနော်တို့အားလုံးလည်း စိတ်မကောင်းဖြစ်ရပါတယ်၊ ဒါပေမယ့် ပြီးခဲ့တဲ့ ၂လလောက်ကတည်းက ဒဏ်ရာရနေတဲ့သူတဦးအပေါ် အပြစ်တွေပုံချလို့မရဘူးလေ၊ သူက နာရီဝက်လောက်ပဲ ကစားရတဲ့သူပါ၊ အဲဒီလိုလူကို ခင်ဗျားက အနိုင်ရစေချင်နေတယ်"

"တိုက်စစ်မှူးတဦးအနေနဲ့ သူ့ခြေချောင်းတွေ ဒီထက်ပိုပြီးတော့ နည်းနည်းလေးလုပ်ပြနိုင်ခဲ့သင့်တာပါ၊ ဒါပေမယ့် အပြစ်တင်ဖို့ကတော့ အရမ်းခက်ပါတယ်" လို့ ဆိုပါတယ်။ လူကာကူဟာ ဧရိယာအတွင်း ၇ ကိုက်အကွာကနေ အနီးကပ်ကန်သွင်းခွင့်ရတာကိုလည်း အံ့အားသင့်စရာကောင်းအောင် လွဲချော်ခဲ့တာပါ။ ဂိုးသမားကလည်း out of position ဖြစ်နေတာပါ။ ဒါပေမယ့် ဒရော့ဘာကတော့ အခုလိုထပ်ပြောပါတယ်။ 


"ခက်တယ်လို့ ကျနော်ထင်တယ်၊ ဂိုးသမားနဲ့ သူ့ရှေ့မှာ နောက်ခံလူကရှိနေတယ်၊ ပြီးတော့ သူ့ ညာခြေနဲ့ကန်ရမှာ၊ ခန္ဓာကိုယ်ကို ပြန်လှည့်ပြီးတော့ ဂိုးသွင်းဖို့ဆိုတာကလ်ညး မလွယ်ဘူး၊ ခက်တယ်၊ သူ ဒဏ်ရာရပြီး ပြန်ကစားနိုင်ခါစပါ၊ သူ့အတွက် နောက်ထပ် ပွဲနည်းနည်းလိုသေးတယ်၊ အင်ဇာဂီလိုကစားသမားဆိုရင်တော့ ဂိုးသွင်းနိုင်မှာပဲ၊ လူကာကူက သူလွဲချော်ခဲ့တာအတွက်တင်မဟုတ်ဘဲ အသင်းတွင်းပြသနာတွေကြောင့်လည်း စိတ်ပျက်နေတယ်လို့ ကျနော်ထင်တယ်"


"စကားပြောတာ၊ ကစားသမားတွေကြားက ရန်ပွဲတွေက သူ လွဲချော်ခဲ့တဲ့ သွင်းဂိုးတွေထက် ပိုစိတ်ပျက်စရာဖြစ်နေတယ်" လို့ ဒရော့ဘာက ဆိုပါတယ်။ 

Share

Loading Next Article...
က္က