ပရိသတ်တွေ မေးခွန်းထုတ်နေကြပြီ။

မိန်းကလေး ပရိသတ်တွေရဲ့ ကြားထဲမှာ ယခုလက်ရှိ နာမည်ကြီးနေတဲ့ မင်းသားကတော့ သရုပ်ဆောင် ဒေါင်းပါ။ ဒေါင်းဟာ လက်ရှိမှာ မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ် အားပေးခြင်းကို ခံနေရသူလည်း ဖြစ်ပါတယ်။

Photo : ဝတ်မှုံရွှေရည် IG

အခုလက်ရှိ မိန်းကလေးပရိသတ်တွေကြားထဲမှာ ဂယက်ထသွားခဲ့စေတာက ဝတ်မှုံရွှေရည် အင်စတာဂရမ် စတိုရီမှာ တင်ထားတဲ့ ဒေါင်းပုံပါ။ ဒေါင်းပုံက သရုပ်ဆောင် ဒေါင်းရဲ့ ပုံတော့မဟုတ်ပါဘူး။ ဒါပေမယ့် ထူးဆန်းတာက ဒေါင်းက ဘေးမှာ အသည်းပုံလေးပါနေတာပါပဲ။ အဲ့ဒီပုံလေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေက ဒေါင်းနဲ့ ဝတ်မှုံရွှေရည်တို့ရဲ့ ပတ်သက်မှုကို စိတ်ဝင်စားလို့နေကြပါပြီ။

Photo : ဒေါင်း IG

ဝတ်မှုံရွှေရည်က မိန်းကလေးထုကြီးရဲ့ အသဲနှလုံးကို ကွဲစေမယ့် သူဖြစ်နေမလားဆိုတာကတော့ အချိန်အတိုင်းအတာတစ်ခုအရ စောင့်ကြည့်ရဦးမှာပါ။

ဒေါင်းနဲ့ ဝတ်မှုံရွှေရည်တို့ အတူတူသရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း ရှိနေပါတယ်။ မကြာခင်မှာ ရုံတင်ပြသမယ့် “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း သူတို့နှစ်ယောက် အတူတူပါဝင်သရုပ်ဆောင်ထားကြသလို “ဒဏ္ဍရီမိုး”ရုပ်ရှင်ဇာတ်ကားမှာလည်း အတူတူပါဝင်ထားပါသေးတယ်။


Photo : ဒေါင်း IG

သရုပ်ဆောင် ဒေါင်းရဲ့ ပုံတွေကို Facebook ပေါ်မှာ မိန်းကလေးတိုင်းလိုလို Share နေကြတာနဲ့ ပတ်သက်ပြီး သူ့ရဲ့ခံစားချက်ကို ဒီဇင်ဘာလ ၁၉ ရက်နေ့က လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားမိတ်ဆက်ပွဲမှာ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

"ကျွန်တော်က ယောက်ျားလေးဆိုတော့ ပျော်တာပေါ့။ အဲဒါ သဘာဝကျတယ်လေ" လို့ ရယ်မောရင်း ဒေါင်းက Duwun Media ကို ဖြေကြားခဲ့ပါတယ်။ "အားလုံးကို ကျေးဇူးတင်ပါတယ်" လို့ ဒေါင်းက ဆက်ပြောခဲ့ပါတယ်။

Photo : ဒေါင်း IG

သရုပ်ဆောင် ဒေါင်းက သန့်ပြန့်တဲ့ ရုပ်ရည်၊ စွဲမက်ဖွယ် အကြည့်တွေကြောင် သူ့ရဲ့သရုပ်ဆောင်ပုံတွေကို မကြည့်ရခင်ကတည်းက ပရိသတ်ရဲ့ ရင်ထဲကို ရောက်ရှိနေသူ ဖြစ်ပါတယ်။ အသက် ၃၀ မပြည့်သေးတဲ့ ဒေါင်းက အရွယ်နဲ့ မလိုက်အောင် တည်ငြိမ်ရင့်ကျက်လွန်းသူတစ်ယောက်ပါ။ အဲဒါက ဘုရားတရားလုပ်လို့ ဖြစ်မယ်လို့ ဒေါင်းက ဆိုလာပါတယ်။

Photo : ဒေါင်း IG

"အဲဒီလိုမြင်တယ်ဆိုရင်တော့ ကျွန်တော် ဘုရားတရားနေ့တိုင်းလုပ်တယ်လေ။ ကိုယ့်ကိုယ်ကို သိနေခြင်းက ပိုကောင်းတယ်လေ။ အဲဒါကြောင့်ပဲ ဖြစ်မှာပါ" လို့ ဒေါင်းက ဖြေပါတယ်။ ဒေါင်း ပါဝင်ထားတဲ့ ပုဂံမြို့သူ ဇာတ်လမ်းတွဲကို MRTV 4 ရုပ်သံလိုင်းမှာ တနင်္လာကနေ သောကြာနေ့အထိ ည ၇ နာရီအချိန်မှာ ပြသနေပါတယ်။ သရုပ်ဆောင် နိုင်းနိုင်း၊ ဝတ်မှုံရွှေရည်တို့နဲ့အတူ ဒေါင်းသရုပ်ဆောင်ထားတဲ့ "လိပ်ပြာစံအိမ်" ရုပ်ရှင်ကိုလည်း ၂၀၁၉ ခုနှစ်ဆန်းမှာ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံမှာ ပြသတော့မှာဖြစ်ပါတယ်။

Share

Loading Next Article...
က္က