သူ့မှာလည်း ပရိသတ်တွေရှိတယ်။

လူကြမ်းသရုပ်ဆောင် ကိုကိုဦးရဲ့သားလေး သီဟအောင်ကိုတော့ မိန်းကလေးပရိသတ် တော်တော်များများက အားပေးလျှက်ရှိပါတယ်။ ကိုကိုဦး ကိုယ်တိုင်ကလည်း သားလေးကို အနုပညာအလုပ်တွေ လုပ်စေချင်သူ တစ်ဦးပါ။

Photo: Thiha aung

လူကြမ်းမင်းသားတစ်ယောက်အဖြစ် ပရိသတ်တွေအားပေးခဲ့ကြတဲ့ ကိုကိုဦးမှာ ခပ်ချောချော သားလေးတစ်ယောက် ပိုင်ဆိုင်ထားပါတယ်။ သူ့နာမည်ကတော့ သီဟအောင်ပါ။ သားဖြစ်သူမှာလည်း ပရိသတ်တွေရှိတဲ့အကြောင်း ကိုကိုဦးက မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။

‘’သူ့ဘာသာသူတော့ Tik Tok လေးတွေဆော့တာပေါ့။ တချို့တွေကလည်း နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲဆိုတော့ ဘယ်သူ့ပြောလို့ ပြောမှန်း မသိဘူး။ နောက်မှ ကိုယ့်သားဖြစ်နေတယ်။ တချို့ မိန်းကလေး ပရိသတ်တွေကလည်း သူ့ပုံလေးတွေနဲ့ သီချင်းလေးတွေ လုပ်ထားတာရှိပါတယ်။ သူ့မှာလည်း ပရိသတ်ရှိတယ်ဗျ။ တစ်ခါတလေကျရင် သူ့ကို ပြန်ကြည့်ပြီး ငါ့သား တယ်ဟုတ်ပါလားပေါ့’’ ဆိုပြီးတော့ ရယ်ရယ်မောမောနဲ့ ပြောပြခဲ့ပါတယ်။

ကိုကိုဦးဟာ သားဖြစ်သူကို အနုပညာအလုပ်တွေ လုပ်စေချင်သူ တစ်ဦးဖြစ်ပါတယ်။ ဒါကြောင့်လည်း သားလေးကို ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာ ရွှေကြိုတစ်ယောက်အဖြစ် ပါဝင်နိုင်စေဖို့ ကြိုးစားခဲ့ပေမယ့် မျှော်လင့်ချက် လွဲခဲ့ရတယ်လို့ ရင်ဖွင့်ပြောပြလာပါတယ်။

‘’ သားလေးရဲ့ အနုပညာလှုပ်ရှားမှုမှာ ကျွန်တော်က မြန်မာနိုင်ငံက လူကြီးတချို့ကိုပေါ့နော်။ ရွှေကြိုကလေးအတွက် ကျွန်တော့် သားလေးကို ထည့်ပေးဖို့ သရုပ်ဆောင် သားသမီးတွေကို ဦးစားပေးတယ်ဆိုလို့ ဒါလေးကို လွန်ခဲ့တဲ့ ၃ လလောက်က ပြောခဲ့တယ်။ ကိုယ်ကတော့ ပါမယ်ထင်တာပေါ့။ ကျွန်တော်ပြောခဲ့တာ တစ်ဖွဲ့ ရွှေကြိုအတွက် ဖွဲ့လိုက်တာက တစ်ဖွဲ့ဆိုတော့ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ မဆက်စပ်မိဘူးပေါ့။ တခြားဖောင်လာတင်တဲ့ ကလေးတွေကို ရွေးလိုက်တဲ့ အချိန်မှာတော့ စိတ်မကောင်းဖြစ်မိပါတယ်’’ လို့ သူကဆိုုပါတယ်။

Photo: Thiha aung

ကိုကိုဦးဟာ သားဖြစ်သူကို အရင်က ပရိသတ်တွေနဲ့ မိတ်ဆက်ပေးလေ့ မရှိပါဘူး။ သားလေး သီဟအောင်ကလည်း ပညာရေးဘက်မှာ ဦးစားပေးနေရတာကြောင့် ဖခင်ဖြစ်သူရဲ့ ရုပ်ရှင်ရိုက်ကွင်းတွေလည်း မလိုက်ဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။

‘’ဇာတ်ကားတွေ ရိုက်တုန်းကတော့ ကျွန်တော့ဇနီးနဲပဲသွားဖြစ်တာများတယ်။ တချို့တွေကတော့ ကိုကိုဦးမှာ သားလေးရှိတယ်ဆိုတာသိတယ်။ ဘယ်အရွယ်ရောက်နေပြီလဲဆိုတာတော့ မသိဘူး။ ကျွန်တော်ကလည်း ဒီလောကနဲ့ ၅ နှစ်လောက်ဝေးသွားတော့ ကိုကိုဦး မင်း သားလားဆိုတာမျိုးတွေ ဖြစ်တာပေါ့နော်။ တချို့က အခုမှ သိကြတာ’’ လို့ ဆိုပါတယ်။

Photo: Thiha aung

ကိုကိုဦးကိုတော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေကနေတဆင့် ပရိသတ်အားပေးမှုတွေရရှိခဲ့သူဖြစ်ပါတယ်။ သူ့အနေနဲ့ လူကြမ်းသရုပ် ဆောင်ဆိုတဲ့အတိုင်း ပရိသတ်တွေရဲ့ အမုန်းကို ခံခဲ့ရသူဖြစ်ပါတယ်။ လက်ရှိမှာတော့ ဇာတ်ကားတွေ ဆက်လက် ရိုက်ကူးနေတုန်းပဲလို့လည်း ပရိသတ်ကို စကားလက်ဆောင်ပါးခဲ့ပါတယ်။

Share

Loading Next Article...
က္က