ကောင်မလေးကတော့ ဝမ်းသာပျော်ရွှင်လို့နေပါတယ်။

ပိုင်တံခွန်က Valentine’s Day မတိုင်ခင် ချောကလက်ပန်းစည်းလေးနဲ့ ပရိသတ်မလေးတစ်ဦးကို Surprise လုပ်ခဲ့တာကို တွေ့ရပါတယ်။ သူ့ရဲ့ ကိုယ်ပိုင် Brand ကလည်း မကြာခင် Valentine’s Day အမီ ထွက်ရှိလာတော့မှာပါ။

Photo: ပိုင်တံခွန်



မိန်းကလေး ပရိသတ်တွေရဲ့ အချစ်တော် ပိုင်တံခွန်က Valentine’s Day မတိုင်ခင် မိန်းကလေးပရိသတ်တစ်ဦးကို Surprise လုပ်ခဲ့ပါတယ်တဲ့။

‘’Valentine Day အတွက် ပထမဆုံး surprise.Tango Chocolate ကနေ မဲပေါက်တဲ့ ညီမလေးကို ကျွန်တော် ကိုယ်တိုင် surprise လေးဖြစ်အောင် ပန်းစည်းလေး လာပို့ပေးတာ’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၉ ရက်နေ့ ည ၈ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ ပိုင်တံခွန်ရဲ့ Surprise ကြောင့် မိန်းကလေး ပရိသတ်ကလည်း ဝမ်းသာပျော်ရွှင်သွားတာကို အမှတ်တရဓာတ်ပုံတွေမှာ တွေ့နိုင်ပါတယ်။

Photo: ပိုင်တံခွန်

သရုပ်ဆောင်ပိုင်တံခွန်ရဲ့ ကိုယ်ပိုင် Brand လေးကိုတော့ မကြာခင် ပရိသတ်တွေအရှေ့ရောက်လာတော့မှာ ဖြစ်ပါတယ်။ မိန်းကလေး ပရိသတ်တွေကို စိတ်လှုပ်ရှားအောင် ခဏခဏ လုပ်နိုင်တဲ့ သူ့အနေနဲ့ ဒီ Brand လေးကို ချစ်သူများနေ့ အမီထွက်နိုင်အောင်ပြင်ဆင်နေတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' Brand ကို ရင်ခုန်နေကြတဲ့ပရိသတ်တွေလည်း ရှိတယ်။ တချို့ဆိုရင်လည်း ဘာထုတ်မယ်ဆိုတာ မပြောကြတော့ စိတ်တွေဆိုးနေကြတယ်။ အသေအချာလေး ဖြစ်ရင်တော့ မီဒီယာ အသီးသီးအားလုံးမှာရော၊ ပရိသတ်တွေကိုရော ကျွန်တော် ပြောပြမှာပါ။ ဖေဖော်ဝါရီအမှီလောက် ဖြစ်အောင်တော့ ကျွန်တော် လုပ်ထားတယ်၊ ချစ်သူများနေ့ အမှီတော့ လုပ်ထားတယ်''လို့ သူကဆိုပါတယ်။

Photo: ပိုင်တံခွန်

ပိုင်တံခွန်နာမည်နဲ့ ထွက်ရှိလာမယ့် ကိုယ်ပိုင် Brand လေးကလည်း သူ့ကိုချစ်တဲ့ ပရိသတ်တိုင်း အသုံးပြုနိုင်တဲ့ ပစ္စည်းလေးဖြစ်အောင် ပြင်ဆင်နေပါတယ်တဲ့။

'' လောလောဆယ်မှာ ယောကျ်ားလေးရော၊ မိန်းကလေးရော သုံးလို့ရမယ့် ပစ္စည်းတစ်ခုကို ကျွန်တော် ထုတ်နေတယ်။ သိပ်မကြာခင်မှာ ပရိသတ်လက်ထဲကို ကျွန်တော် ထည့်ပေးမယ်။ ဒါပေမယ့် အဲ့ဒါ ဘာပစ္စည်း ဘာ Brand လဲ လို့မေးရင် ကျွန်တော် ဖြေလို့မရသေးဘူး။ Brand နဲ့ ပတ်သက်ပြီး မပြီးမြောက်သေးတဲ့ ကိစ္စတွေလည်းရှိနေတော့ အမှားအယွင်းဖြစ်မှာကိုလည်း ကျွန်တော် စိုးရိမ်တယ်'' လို့ ဆက်လက်ပြောပြထားပါသေးတယ်။

Photo: ပိုင်တံခွန်

ပိုင်တံခွန်ဟာ အနုပညာလောကထဲကို မော်ဒယ်တစ်ဦးအနေနဲ့ စတင်ဝင်ရောက်လာတာဖြစ်ပါတယ်။ အခုဆိုရင်တော့ မိန်းကလေးပရိသတ်၊ ယောကျ်ားလေး ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိပိုင်ဆိုင်ထားသူ တစ်ယောက်ပါ။ အဲဒီနောက် ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ တီဗီကြော်ငြာတွေကိုလည်း အဆက်မပြတ် ရိုက်ကူးနေရတာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က