သူတို့ကြားမှာ မသင့်မြတ်မှုတွေရှိနေခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့တာပါ။

လိုင်လီကို အဝေးကွင်းမှာ ၇-၁ နဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ ပီအက်စ်ဂျီအတွက် ထုံးစံအတိုင်း မက်ဆီ၊ နေမာနဲ့ ဘတ်ပီတို့ ခြေစွမ်းပြသွားခဲ့ပြီး နောက်ခံလူဟာကီမီကလည်း သူ့ရဲ့ တိုက်စစ်လိုက်ပါမှုစွမ်းရည်ကို ထပ်မံပြသွားခဲ့ပါတယ်။ မသင့်မမြတ်ဖြစ်နေပြီး အဆင်မပြေဘူးလို့ သတင်းတွေထွက်နေခဲ့တဲ့ ဒီကစားသမားတွေဟာ မနေ့ကပွဲမှာတော့ သူတို့ကြားက အာဃာတတွေကို သင်ပုန်းချေလိုက်ပြီလို့ ယူဆရပါတယ်။ 

ဘတ်ပီက ဟက်ထရစ်သွင်းယူနိုင်ခဲ့ရာမှာ မက်ဆီက ၁ ကြိမ်၊ နေမာက ၂ကြိမ်ဖန်တီးပေးခဲ့တာပါ။ ဘတ်ပီကို လီဂူးမှာ ၈ စက္ကန့်အတွင်းနဲ့ အမြန်ဆုံးသွင်းဂိုးရအောင် မက်ဆီက ဖန်တီးပေးနိုင်ခဲ့ပြီး ဟက်ထရစ်ရအောင်လည်း နေမာက ကူညီပေးခဲ့တာပါ။ ဘတ်ပီဂိုးသွင်းပြီးတိုင်းမှာ သူတို့တွေ ပွေ့ဖက်အောင်ပွဲခံခဲ့ကြပြီး သူတို့ကြားမှာရှိနေတဲ့ မကျေလည်မှုတွေကို အဆုံးသတ်နိုင်ခဲ့ပြီဆိုတာ အားလုံးကို မြင်တွေ့စေခဲ့ပါတယ်။ 

နေမာနဲ့ ဘတ်ပီတို့ကလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ အောင်ပွဲခံခဲ့ကြသလို ဘတ်ပီက ၈ စက္ကန့်မှာ ဂိုးသွင်းပြီးနောက် အခြားအသင်းဖော်တွေလာရောက်အောင်ပွဲခံတာကို ချက်ချင်းမတုံ့ပြန်သေးဘဲ မက်ဆီ,ဆီ အရင်ပြေးကာ သွားရောက်အောင်ပွဲခံခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ပီအက်စ်ဂျီတာဝန်ရှိသူတွေအတွက်လည်း ဒီမြင်ကွင်းက ကျေနပ်စရာကောင်းနေခဲ့ပြီး နည်းပြဂဲလ်တီယာအတွက်လည်း ဘဝင်ကျစရာဖြစ်ခဲ့တာပါ။ 

ပီအက်စ်ဂျီက လီဂူး ၃ ပွဲကစားအပြီးမှာ တပွဲကိုအနည်းဆုံး ၅ ဂိုးနှုန်းသွင်းယူထားပြီး စုစုပေါင်း ၁၇ ဂိုးအထိ ရရှိခဲ့ပါပြီ။ ဂိုးအများစုကိုတော့ ထုံးစံအတိုင်း နေမာ၊ ဘတ်ပီ၊ မက်ဆီတို့ကပဲ သွင်းယူထားကာ လီဂူးမှာ ပြိုင်ဘက်မရှိ သူတို့က မင်းမူနေဦးမယ်ဆိုတာက မေးခွန်းထုတ်စရာမရှိတဲ့အပြင် တိုက်စစ်ကစားသမား ၃ ဦးကလည်း ဂိုးတွေတဒိုင်းဒိုင်းသွင်းပြပြီး ပြိုင်ဘက်တွေကို ထိတ်လန့်နေစေပြီဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က