မွန်တာရေးနဲ့ပွဲအပြီးမှာ ဖြစ်ပွားခဲ့တာပါ။

အင်တာမိုင်ယာမီကြယ်ပွင့် မက်ဆီဟာ မွန်တာရေးနဲ့ ကစားခဲ့တဲ့ ကွန်ကာကက်ဖ်ချန်ပီယံဖလား ကွာတားဖိုင်နယ် ပထမအကျော့မှာ ပြိုင်ဘက်အသင်းရဲ့ လက်ထောက်နည်းပြကို ပြဿနာရှာခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါပွဲမှာ အင်တာမိုင်ယာမီတို့ အိမ်ကွင်းမှာ ၁-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။



ဒီပွဲမှာ မက်ဆီ ပါဝင်ခဲ့ခြင်းမရှိပေမယ့် ပွဲအပြီး ပြဿနာဖြစ်ပွားတဲ့နေရာမှာတော့ ပါဝင်ခဲ့ပြီး အကြီးအကျယ် ဒေါသပေါက်ကွဲနေခဲ့တာပါ။ မက်ဆီအပါအဝင် ဆွာရက်ဇ်၊ အယ်လ်ဘာနဲ့ နည်းပြ မာတီနိုတို့ဟာ မွန်တာရေးရဲ့ အဝတ်လဲခန်းအပြင်မှာ ပြဿနာရှာခဲ့ပြီး မက်ဆီရဲ့မျက်နှာဆိုလည်း နီရဲနေတဲ့အထိ ဒေါသထွက်နေခဲ့တာလို့ သိရပါတယ်။

မွန်တာရေးရဲ့ လက်ထောက်နည်းပြ နီကိုဆန်းချက်ဇ်က “လူပုလေး (မက်ဆီကို ရည်ညွှန်းသည်) က ဒေါသတွေထွက်နေတာပါ။ သူ့မျက်နှာကလည်း သရဲတစ်ကောင်လိုပါပဲ။ သူက အရင်ဆုံး ကျွန်တော့်မျက်နှာနားကိုကပ်ပြီး “မင်းကိုယ်မင်း ဘာကောင်ထင်နေလဲ” ဆိုပြီး ပြောပါတယ်။ ဒါပေမယ့် ကျွန်တော် သူ့ကို မကြည့်ဘဲ အဝေးကိုပဲကြည့်နေတာပါ။ ဘာမှလည်း ပြန်မပြောခဲ့ပါဘူး။ အဲ့ဒါကပဲ ကိစ္စတွေကို ပိုဆိုးသွားစေခဲ့ပါတယ်”

“ပြီးတော့ အင်တာမိုင်ယာမီနည်းပြ မာတီနိုကလည်း ကျွန်တော့်ရှေ့မှာ ဘယ်လောက်ညံ့ဖျင်းလိုက်တဲ့ကောင်လဲကွာ၊ အရူးကောင် မင်းငိုတော့မှာလားဆိုပြီး ပြောခဲ့တာပါ။ ဒီဗီဒီယိုတွေအားလုံးကို အင်တာမိုင်ယာမီဘက်က ဖျက်လိုက်ပြီထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါတွေက တော်တော်လေးရုပ်ဆိုးတဲ့ကိစ္စတွေမို့လို့ပါ”

“သူတို့က တကယ့်ကို ဆိုးဆိုးရွားရွား လုပ်ခဲ့ကြတာပါ။ ကွင်းထဲမှာလည်း အင်တာမိုင်ယာမီကစားသမားတွေက ညစ်ညစ်ပတ်ပတ်ပဲ ကစားချင်ကြတာပါ” လို့ ပြောကြားခဲ့ပါတယ်။ မွန်တာရေးနဲ့ အင်တာမိုင်ယာမီတို့ရဲ့ ဒုတိယအကျော့ပွဲစဉ်ကိုတော့ ဧပြီလ (၁၁)​ ရက်နေ့မှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က