လီဗာပူးကစားသမားဟောင်းက ဝေဖန်နေတာပါ။

လီဗာပူးနဲ့ နယူးကာဆယ် နောက်ခံလူဟောင်း ဟိုဆေးအင်းနရစ်က အဲဗာတန် ပရိသတ် ကလေးငယ်ကို မဆင်မခြင်ပြုမူခဲ့တဲ့ ရော်နယ်ဒိုကို အပြင်းအထန် ဝေဖန်ပြောကြားခဲ့ပါတယ်။ အော်တစ်ဇင်ကလေးငယ်တယောက်ကို ဒီလိုမျိုး အဆင်အခြင်မဲ့ ကျူးလွန်ခဲ့တဲ့ ရော်နယ်ဒိုကို ပရိသတ်တွေလည်း ဝေဖန်နေကြပါတယ်။



အထူးသဖြင့် ရော်နယ်ဒိုလို စံပြကစားသမားတယောက်က ဒီလိုမျိုး ကျူးလွန်ခဲ့တဲ့အပေါ် အများစုက စိတ်ပျက်နေကြပါတယ်။ ရော်နယ်ဒိုကတော့ ချက်ချင်း တောင်းပန်ထားပေမယ့် နစ်နာသူ ကလေးငယ်ရဲ့ မိခင်က ကျေနပ်ဟန်မရှိဘဲ ရော်နယ်ဒိုကို ထပ်မံထိုးနှက်ခဲ့ပါတယ်။ အခုချိန်မှာ အင်းနရစ်ကလည်း ရော်နယ်ဒိုနဲ့ ပတ်သက်လို့ အပြင်းအထန် ဝေဖန်လာခဲ့တာပါ။

အင်းနရစ်က “ကျနော်အမြဲတမ်း ပြောခဲ့တာပဲဗျာ။ ရော်နယ်ဒိုကို ကြိုက်စရာ ဘာအကြောင်းမှမရှိဘူးဆိုတာကို။ သူက သူ့ကိုယ်သူ နတ်ဘုရားကြီးလို့ ယုံကြည်နေတာ။ သူလုပ်ချင်တာကို လုပ်လို့ရမယ်လို့ ယုံကြည်နေတာ။ ဒီလိုပြောတာက သူ့ကို သမိုင်းတလျှောက် အကောင်းဆုံး ကစားသမားတွေထဲက တယောက်မဟုတ်ဘူးလို့ ပြောချင်တာ မဟုတ်ပါဘူး”

“ဒါပေမယ့် လူသားတယောက်အနေနဲ့တော့ ကျနော် ရော်နယ်ဒိုကို မနှစ်မြို့ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ အင်းနရစ်ဟာ သူ့ရဲ့ နယူးကာဆယ် ကစားသမားဘဝမှာ ရော်နယ်ဒိုနဲ့ နှစ်ကြိမ်တိုင်တိုင် ရင်ဆိုင်ခဲ့ဖူးတဲ့ ကစားသမားဖြစ်ပါတယ်။

အဲ့ဒီနှစ်ကြိမ်လုံးမှာ နယူးကာဆယ်က ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့ပါတယ်။ တကြိမ်ကတော့ (၂၀၀၈) မှာ ရော်နယ်ဒို ဟက်ထရစ်ရခဲ့တဲ့ ယူနိုက်တက် ၆-၀ နယူးကာဆယ်ပွဲဖြစ်ပြီး နောက်တပွဲကတော့ စိန့်ဂျိမ်းပါတ်ခ်မှာ ယူနိုက်တက်တို့ ၁-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲတို့ပဲဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က