မန်ချက်စတာမြို့က စားသောက်ဆိုင်တွေကို မကောင်းပြောခဲ့တာပါ။

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ကွင်းလယ်ကစားသမား ဂွန်ဒိုဂန်အနေနဲ့ သူ့မိန်းမရဲ့ ဝေဖန်မှုတွေကြောင့် လက်ကျန်ရာသီမှာ တပွဲမှ ကစားခွင့်ရတော့မှာ မဟုတ်ဘူးလို့ နောက်ပြောင်ပြောကြားသွားခဲ့ပါတယ်။ ဂွန်ဒိုဂန်ရဲ့ ဇနီးဖြစ်သူ ဆာရာအာဖာရူအီက မန်ချက်စတာမြို့တွင်းမှာရှိတဲ့ စားသောက်ဆိုင်တွေနဲ့ ပတ်သက်လို့ ဝေဖန်ပြောကြားခဲ့တာဖြစ်ပါတယ်။



အာဖာရူအီက မန်ချက်စတာမြို့ဟာ သောက်စရာတွေနဲ့ ပတ်သက်ပြီး ပိုက်ဆံရှာဖို့အတွက်သာ ကြိုးစားနေတယ်လို့ဆိုကာ စားသောက်ဆိုင်ကောင်းကောင်းမရှိတဲ့အကြောင်း ဝေဖန်ပြောကြားခဲ့တာဖြစ်ပါတယ်။ အာဖာရူအီက မန်ချက်စတာမြို့မှာ ဆူရှီ ဒါမှမဟုတ် အီတာလျံ စားသောက်ဆိုင် ကောင်းကောင်းလည်း မရှိကြောင်း သူ့ရဲ့ အင်စတာဂရမ်ကတဆင့် ဝေဖန်ခဲ့ပြီး ဒီအပေါ်မှာလည်း ပြန်လည်တုံ့ပြန်ဝေဖန်သူတွေရှိနေပါတယ်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ မန်ချက်စတာမြို့တွင်းမှာ Tapas လို့ အမည်ရတဲ့ စားသောက်ဆိုင်တဆိုင်ကို ပူးတွဲပိုင်ဆိုင်ထားသူပါ။ အဲ့ဒါကြောင့်လည်း ဂွန်ဒိုဂန်ဇနီးရဲ့ ပြောစကားတွေအပေါ် ဂွါဒီယိုလာက “ဂွန်ဒိုဂန်ကတော့ လက်ကျန်ရာသီမှာ တမိနစ်တောင် ကစားခွင့်ရတော့မှာမဟုတ်ပါဘူး” လို့ ရယ်မောပြောကြားရင်း နောက်ပြောင်သွားခဲ့ပါတယ်။ ဒါ့အပြင် ဂွါဒီယိုလာက သူ့ဆိုင်ကိုလာလည်ဖို့ အာဖာရူအီကိုလည်း ဖိတ်ကြားခဲ့ပါတယ်။

“ကျနော့်အနေနဲ့ ဂွန်ဒိုဂန်တို့ လင်မယားကို ကျနော်တို့ဆိုင် လာလည်ဖို့ ဖိတ်ကြားသွားမှာပါ။ သူတို့ အဲ့ဒီဆိုင်မှာ အဆင်ပြေပြေ စားသောက်နိုင်ပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ မန်ချက်စတာမြို့ဟာ အရင်တည်းက ရာသီဥတုဆိုးရွားတာနဲ့ ပတ်သက်လို့ ကစားသမားတွေရဲ့ ဝေဖန်မှုကို ခံနေရတဲ့ မြို့တမြို့ပါ။ ကာဗာနီအပါအဝင် ကစားသမားအများစုက မန်ချက်စတာမြို့က ရာသီဥတုအေးခဲမှုကို စိတ်ပျက်ခဲ့ရပါတယ်။

ဒါ့အပြင် မန်ချက်စတာမြို့တွင်းမှာရှိတဲ့ စားသောက်ဆိုင်တွေကို ဝေဖန်ပြစ်တင်တဲ့ ဘောလုံးသမားဇနီးက အာဖာရူအီနဲ့မှ ပထမဆုံးမဟုတ်ပါဘူး။ ဒီမာရီယာရဲ့ ဇနီးသည် ဂျော်ဂျီလီနာကာဒိုဆိုကလည်း မန်ချက်စတာမြို့တွင်းမှာရှိတဲ့လူတွေရဲ့ ပုံစံ၊ အစားအသောက်တွေနဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားခဲ့ဖူးပါတယ်။ 

Share

Loading Next Article...
က္က