ကိုယ်က မာနရှိပြီးအရမ်းချစ်တတ်တဲ့သူပါ။

နန်းဆုရတီစိုးကတော့ “မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်” ရုပ်ရှင်ဇာတ်ကားကြည့်ပြီး အချစ်နဲ့ ပတ်သက်တဲ့ ခံစားချက်လေးတွေကို ဖွင့်ဟလို့ရပါတယ်။

photo ; နန်းဆုရတီစိုး

ဆရာမဂျူးဝတ္ထုတွေကို အရင်ကတည်းက ကြိုက်နှစ်သက်ခဲ့တဲ့ နန်းဆုရတီစိုးက မကြာခင် ရုံတင်ပြသတော့မယ့် “မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက် “ ရုပ်ရှင်ဇာတ်ကားကို ကြည့်ပြီးအရမ်းကို ကြိုက်နှစ်သက်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါရိုက်တာမီးပွားရဲ့ ရိုက်ချက်တွေ သရုပ်ဆောင်ဒေါင်းနဲ့ ပိုင်ဖြိုးသုတို့ရဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူ ဒိုင်ယာလော့တစ်ခုချင်းစီတိုင်းက ရင်ထဲကို ထိခဲ့တယ်တဲ့။

“အရင်ကတည်းက ဝတ္ထုဖတ်ဖူးတယ်။ ဂျူးရဲ့ ပရိသတ်ဆိုတော့ ဝတ္ထုကိုလည်း ဖတ်ထားဖူးတော့ ဒီကားကြည့်ရမှာ အရမ်းကိုကြောက်နေခဲ့တာ။ ဝတ္ထုဖတ်တုန်းကလည်း အရမ်းခံစားရတယ်။အချစ်ကို အရမ်းခံစားပြစ်လိုက်တာ” လို့ သူမက ဆိုပါတယ်။

photo ; နန်းဆုရတီစိုး

ဒီဇာတ်ကားကြည့်ပြီးနောက် အချစ်နဲ့ ပတ်သက်ပြီး ခံစားရတဲ့ ခံစားချက်တွေကိုလည်း ပြောပြခဲ့ပါသေးတယ်။

“အထိဆုံးစကားတစ်ခွန်းကတော့ မိန်းမဆိုတာမာနမရှိရဘူးးဆိုတဲ့ စကားကအထိဆုံးပဲ ။ အဓိက က တစ်ယောက်နဲ့ တစ်ယောက် တကယ်ချစ်ရင် အတ္တတွေမာနတွေ ခဝါချပြီးချစ်မှရမယ်ဆိုတာ သိလိုက်တယ်။ ကိုယ်က အချစ်နဲ့ ပတ်သက်ရင်အရမ်းခံစားတတ်တယ်။ အသည်းငယ်တယ်။ အရမ်းလည်း ချစ်တတ်တယ်။ အရမ်းလည်း ချစ်တတ်သလို မာနလည်းရှိတတ်တယ်။မိန်းကလေးဆိုတာ အနည်းနဲ့အများတော့ ရှိတာပေ့ါ။ တကယ်တော့အချစ်မှာ မာနတွေအတ္တတွေဆိုတာ တကယ်မရှိသင့်ပါဘူး။ ဒီကားကိုကြည့်ပြီး အရမ်းထိတယ်” ဆိုပြီး ဒီဇင်ဘာ(၂၇) ရက်နေ့ ပြုလုပ်ခဲ့တဲ့ “မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်” Family Show မှာ ဖြေဆိုခဲ့တာပါ။

 “မိန်းမတစ်ယောက်ရဲ့ဖွင့်ဟဝန်ခံချက်” ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ မီးပွားက ရိုက်ကူးပုံဖော်ထားပြီး သရုပ်ဆောင်ဒေါင်း၊ပိုင်ဖြိုးသုနဲ့ စိုင်းစည်တွမ်ခမ်းတို့ကအဓိကပါဝင်သရုပ်ဆောင်ထားကြတာပါ။ ဒီဇာတ်ကား ကိုတော့ ဒီဇင်ဘာ (၉) ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

Share

က္က