ဆင်ခြင်ရတော့မယ်လေ။

ရန်အောင်ကတော့ မိန်းမလျာကာရိုက်တာတွေကို ဆက်လက်ရိုက်ကူးတော့မှာ မဟုတ်ဘူးလို့ပြောလာပါတယ်။ ဝေဖန်တဲ့ ပရိသတ်တွေလည်းရှိခဲ့သလို သူကိုယ်တိုင်ကလည်း ဆင်ခြင်လိုက်တာပါတဲ့။

Photo: Yan Aung

သရုပ်ဆောင် ရန်အောင်ကတော့ မိန်းမလျာကာရိုက်တာတွေ ထပ်မရိုက်တော့ဘူးလို့ဆိုပါတယ်။ အသက်အရွယ်အရ အခုလို စဉ်းစားဖြစ်ခဲ့တယ်လို့လည်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ကျွန်တော်က တော်တော်များများမှာ မိန်းမလျာ လို သရုပ်ဆောင်ရမယ်ဆိုရင် ရုပ်ဆိုးလိုက်တာများတယ်။ နောက်ထပ်တော့ မလုပ်ဖြစ်တော့ဘူး။ ကျွန်တော်ရိုက်ရမယ်ဆိုရင်လည်း နန်းဆန်ဆန် ပုံစံမျိုးဆိုရင်တော့ ရိုက်ဖို့ စိတ်ဝင်စားတယ်။ ကလပ်တတ်တတ်ပုံစံလေးတွေကတော့ နည်းနည်း လျှော့မလားပေါ့နော်။ ကိုယ်က အသက်လည်း ကြီးပြီဆိုတော့’’ သဘောကျရယ်မောရင်း ပြောပြခဲ့ပါတယ်။

Photo: Yan Aung

ရန်အောင် ရဲ့ မိန်းမလျာ ကာရိုက်တာကို ဝေဖန်ပြစ်တင် ပြောဆိုနေကြတဲ့ပရိသတ်တွေလည်း ကြုံခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ဒီလို ဝေဖန်မှုတွေကြောင့်ပဲ ဆင်ခြင်လိုက်တာပါတဲ့။

‘’ အမှန်တော့ ဒါက Entertainment တစ်ခုကို ဖန်တီးပြတာပါပဲ။ Entertainment တစ်ခုအနေနဲ့ ကြည့်မယ်ဆိုရင်တော့ ဘာအပြစ်ရယ်လို့တော့ မရှိပါဘူး။ ဂယက်လေးနည်းနည်းထတော့ ကျွန်တော်တို့လည်း ဆင်ခြင်ရမှာပေါ့လေ’’ ဆိုပြီးတော့ ‘’ သြဂုတ်လ ၁၉ ရက်နေ့က ဂျင်ပါတီ ရုပ်ရှင်ကားကြီး အထူးပြသပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။

Photo: Yan Aung

ကိုရန်လေးလို့ အနုပညာလောကသားတွေရော ပရိသတ်တွေပါ ချစ်စနိုးခေါ်ခြင်းကို ခံရတဲ့ ရန်အောင်ဟာ အကယ်ဒမီ ဆု (၆)ဆုကို ရရှိထားတဲ့ ဝါရင့်သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ ၁၉ ၉ ၁ ခုနှစ်က မယ်သီတာလိုမိန်းကလေး ၊၁၉၉၅ ခုနှစ်က ပုဂံမှာ သာတဲ့လ ၊၁၉၉၆ ခုနှစ်က အလင်းဖျော့ကောင်းကင် ၊၁၉၉၈ ခုနှစ်က ညမင်းသား ၊ ၂ဝဝဝ ခုနှစ်က မောဟမျဉ်းပြိုင်များ နှင့် ၂ဝဝ၆ ခုနှစ်က ဂုဏ်ရှိန်ပြင်းတဲ့ချစ်ခြင်းသိက္ခာ ဇာတ်ကားများနဲ့ ဇာတ်ဆောင်အကယ်ဒမီများ ရရှိထားသူ ဖြစ်ပါတယ်။



Share

Loading Next Article...
က္က