ဓားပြခြောက် ကာရိုက်တာအတွက် အမှတ်တရတွေကို ကေညီက သဘောကျရယ်မောရင်း ပြောပြလာပါတယ်။ အရင်က အခြောက် ကာရိုက်တာ တွေထက် ပိုထူးခြားတဲ့ ကာရိုက်တာပါလို့လည်း သူကဆိုပါတယ်။
Photo: ဟီးဟီးဟားဟား Page
လက်ရှိရုံတင်ပြသနေတဲ့ ဟီးဟီးဟားဟား ရုပ်ရှင်ဇာတ်ကားလေးဟာ တခြားဟာသဇာတ်ကားတွေထက် ပိုထူးခြားလို့ ပရိသတ်တွေ အကြိုက်နဲ့ ထပ်တူကျမှာအသေအချာပါပဲ။ ဒီဇာတ်ကားထဲမှာ ဟာသသရုပ်ဆောင် ကေညီ ရဲ့ ဓားပြခြောက် ကာရိုက်တာအမှတ်တရတွေ ကိုလည်း Duwun Media ကနေ ပြောပြခဲ့ပါတယ်။
'' ဒီဇာတ်ကားထဲမှာ ကျယ်မက ဓားပြခြောက်၊ အမလေး ရိုးရိုးတန်းတန်း ခြောက်တာ မဟုတ်ဘူး။ ဓားပြခြောက်ဆိုတော့ နည်းနည်းလေးလည်း အမြင်စမ်းပါတယ်။ ပြီးတော့ ကျားကျားလျားလျားနဲ့ ခြောက်ရတာလေ။ တစ်ဖက်မှာ သေနတ်ကလည်း ကိုင်ထားရသေးတယ်။ ဆံပင်အရှည် ကြီးနဲ့ ခြောက်ထားပါတယ်'' ဆိုပြီးတော့ ကနွဲ့ကလျ အိုက်တင်လေးနဲ့ ဖြေဆိုခဲ့ပါတယ်။
Photo: K nyi facebook
အန်ကယ့်ကို Yes ပါလို့ ဆိုလိုက်တဲ့ ကေညီ
ကေညီဟာ အရင်က အခြောက်ကာရိုက်တာတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပေမယ့် ဟီးဟီးဟားဟား ရုပ်ရှင်ဇာတ်ကားထဲက အခြောက် ကာရိုက်တာ ကတော့ သူ့အတွက် ထူးခြားတယ်လို့ ဆိုပါတယ်။
'' အခြောက် ဆိုတာကိုလည်း လူတွေက ပေါတောတောလို့ထင်မှာပဲ။ အရင်ကလည်း ပေါခဲ့ပါတယ် ဒါကလည်း ကာရိုက်တာအရပါ။ ဇာတ်ကား နဲ့ အံကိုက်အောင် ကြိုးစားထားတာပါ။ ရယ်ရတယ်၊ မရယ်ရဘူးဆိုတာကတော့ အားပေးကြည့်ရှုတဲ့ အခါမှာ ပရိသတ်တွေ သိရမှာပါ'' ဆိုပြီးတော့ သြဂုတ်လ ၂၆ ရက်နေ့က ဟီးဟီးဟားဟား ဇာတ်ကားပရက်ရှိုးမှာ ဖြေဆိုခဲ့တာပါ။
Photo: ဟီးဟီးဟားဟား Page
ဟီးဟီးဟားဟား ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ မြင့်မြတ်နဲ့ ရွှေမှုန်ရတီ တက္ကသိုလ်ဂွမ်းပုံ၊ ညောင်ညောင်၊ငှက်ပျောကြော်၊ ဂွမ်းပုံကြီး၊ ကစ်ကစ်နဲ့ ပရိသတ်တွေအချစ်တော် ဟာသသရုပ်ဆောင်တွေအများကြီး ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးကို သြဂုတ်လ ၃၁ ရက်နေ့ ကတည်းက ရန်ကုန်မြို့မှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသခဲ့တာဖြစ်ပါတယ်။
Photo: K nyi facebook
ဇာတ်ပို့သရုပ်ဆောင် ကေညီကို ဗီဒီယိုဇာတ်ကားတွေကနေတဆင့် အဓိက သရုပ်ဆောင်တွေရဲ့ အစ်ကို၊ သူငယ်ချင်း ကာရိုက်တာတွေကနေ တဆင့် ပရိသတ်တွေအားပေးလာတာဖြစ်ပါတယ်။ ဟာသဇာတ်ကား တွေမှာ လည်း မပါမဖြစ် ဟာသသရုပ်ဆောင်တစ်ဦးဆိုရင်လည်း မမှားပါဘူး။