ဒါပေမယ့်လည်း ချစ်တဲ့ ပရိသတ်တွေကတော့ ချစ်နေတုန်းပါပဲ။

မိန်းမဆန်ဆန်မနေတတ်တဲ့ အေသင်ချိုဆွေကို အရမ်းချစ်ကြတဲ့ ပရိသတ်တွေရှိနေပါသေးတယ်။ သူမကိုယ်တိုင်ကလည်း အခုချိန်ထိ မိန်းမ မဆန်တတ်သေးဘူးလို့ဆိုပါတယ်။

Photo: Min Theikhti Aung

အေသင်ချိုဆွေကတော့ အခုချိန်ထိမိန်းမ ဆန်ဆန်မနေတတ်တဲ့ သူမရဲ့ အကျင့်လေးအကြောင်းပြောပြလာပါတယ်။ သူမ ဘယ်လိုုပဲ နေနေ ချစ်ခင်အားပေးတဲ့ ပရိသတ်တွေကတော့ အများကြီးပါ။

‘’ဘယ်သူလဲ မသိဘူး ပြောဖူးတယ်။ ယောကျာ်းတွေက မိန်းမဆန်ပြီး သိမ်သိမ်မွေ့မွေ့ မနေတတ်တဲ့ မိန်းခလေးတွေကိုပဲ သဘောကျတာလို့ ပြောလိုက်တည်းက အခုချိန်ထိ မိန်းမဆန်ဆန်ကို နေလို့မတတ်တော့တာပဲ’’ ဆိုပြီးတော့ ဇွန်လ ၃ ရက်နေ့ ညနေ ၃ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: Min Theikhti Aung

အေသင်ချိုဆွေရဲ့ နောက်ဆုံး ထွက်ရှိထားတဲ့ Never Give Up ဆိုတဲ့ သီချင်းလေးကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့ပါတယ်။ ဒီသီချင်းလေးကို ဧပြီလ ၂၇ ရက်နေ့က မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး သူမရဲ့ ဘဝ ဖြတ်သန်းမှုတွေကို သီချင်းအဖြစ် ဖွဲ့ဆိုထားတာ ဖြစ်တယ်လို့ သိရပါတယ်။

‘’အေသင် တကယ်ကို ကြုံတွေ့ဖြတ်သန်းခဲ့ရတဲ့ True_Story အစိတ်အပိုင်းတစ်ချို့ကိုပါ ထည့်သွင်းရိုက်ကူးထားတာမို့ #Never_GiveUpလို့ အမည်ပေးထားတဲ့ သီချင်းလေးပါ။ ပရိသတ်အားလုံး အတွက် နှစ်ဟောင်းမှာ ကြုံတွေ့ဖြတ်သန်းခဲ့ရတဲ့ စိတ်ဓာတ် ကျစရာတွေ , စိတ်ညစ်စရာတွေ , ဘဝအခက်အခဲတွေ လောကဓံမျိုးစုံအဖုံဖုံတို့အတွက် အခုလို နှစ်ဟောင်းအကုန် နှစ်သစ်ကူးကာလလေးမှာ အေသင်ချစ်ရတဲ့ဂီတနဲ့ #NeverGiveUp (ဘယ်သောအခါမှ_အရှုံးမပေးနဲ့)ဆိုတဲ့ Messageလေးနဲ့အတူ ပရိသတ်ကြီးအားလုံးကို ခွန်အားပေးချင်ပါတယ်’’ လို့လည်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ဖူးပါတယ်။

Photo: Min Theikhti Aung

အနုပညာလောကထဲကို ၂၀၁၈ ခုနှစ်မှစပြီး ပြန်လည်ဝင်ရောက်လာတဲ့ အေသင်ချိုဆွေက ဇူလိုင်လ ၁၀ ရက်နေ့မှာ "အသည်းကွဲသီချင်း တွေမဆိုတော့ဘူး" ဆိုတဲ့ သီချင်းသစ်လေးကို ပရိသတ်လက်ထဲ အရောက်ပေးခဲ့ပါတယ်။ လက်ရှိမှာ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေ ပိုပြီးလုပ်သွားဖို့ ပြင်ဆင်နေပါတယ်။ သူမရဲ့ သီချင်းအသစ်တွေကိုလည်း မကြာခဏဆိုသလို အွန်လိုင်းပေါ်ကနေ မိတ်ဆက်ပေးခဲ့ပါသေးတယ်။

Photo: Min Theikhti Aung

အေသင်ချိုဆွေကို(A Then Cho Swe) ‘’ပေါက်တဲ့အိုး’’ ဆိုတဲ့ တစ်ကိုယ်တော် အခွေ ကနေတဆင့် ပရိသတ်တွေ သိတင်သိရှိခဲ့တာပါ။ အဲဒီနောက် ‘’ အနီးဆုံးလူ’’ ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်ရှိခဲ့ပါတယ်။ သူမဟာ ဂီတအလုပ်တွေသာမက သရုပ်ဆောင် တစ်ယောက်အနေနဲ့ ဗီဒီယို ဇာတ်ကားတွေလည်း ရိုက်ကူးခဲ့ဖူးပါသေးတယ်။ ဒုတိယမြောက် တစ်ကိုယ်တော်အခွေ ထွက်ပြီးသွားတဲ့နောက်မှာတော့ အနုပညာအလုပ်တွေနဲ့ ခဏတာ ဝေးကွာသွားခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၈ ခုနှစ်မှစပြီး ဂီတလောကထဲကို ပြန်လည် ဝင်ရောက်လာတာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က