စက်တင်ဘာ ၅ ရက်နေ့flash sale လုပ်ဦးမှာပါ

အိန္ဒိယဈေးကွက်မှာ Poco F1 လို့လူသိများတဲ့ Xiaomi ရဲ့ brand သစ်ကတော့ Flipkart မှာ ရောင်းအားအသွက်ဆုံး ဖုန်းဖြစ်လာခဲ့ပါတယ်။

[No available link text] 

Poco brand အနေနဲ့ပွဲထုတ်ခဲ့တဲ့ Pocophone F1 ကို အွန်လိုင်းရှော့ပင်းဝက်ဘ်ဆိုက်ဖြစ်တဲ့ Flipkart မှာ ရောင်းချပြီး ၅ မိနစ် မကြာခင်မှာ အနည်းဆုံး အလုံးပေါင်း ၆၈၀၀၀ ရောင်းထွက်ခဲ့တယ်လို့သတင်းထုတ်ပြန်ထားပါတယ်။ ဒါဟာ Flipkart ရဲ့ သမိုင်းမှာ အချိန်တိုအတွင်း အမြန်ဆုံးနဲ့အများဆုံး ရောင်းချနိုင်ခဲ့တဲ့ ပမာဏလည်း ဖြစ်ပါတယ်။

တန်ဖိုးအနေနဲ့အနည်းဆုံး ရူပီး သန်း ၂ ထောင်ဖိုးကို ၅ မိနစ်အတွင်း ရောင်းချနိုင်ခဲ့တာ ဖြစ်ပြီး Xiaomi ကတော့ ရောင်းချပြီးသမျှ ပမာဏကို အတိအကျ မကြေငြာသေးပါဘူး။ 

အိန္ဒိယဈေးကွက်မှာ ဒီဖုန်းကို RAM/storage ပေါ်လိုက်ပြီး ဗားရှင်း ၃ မျိုးနဲ့ထုတ်ထားတာ ဖြစ်လို့ဈေးအကြီးဆုံး ဖုန်းချည်း ရောင်းချနိုင်ခဲ့မယ်ဆိုရင် အလုံးရေ ၆၈၉၆၅ လုံး ရောင်းချနိုင်ဲ့ပြီး တန်ဖိုးနည်းတဲ့ မော်ဒယ်တွေဆိုရင်တော့ အလုံးပေါင်း ၁ သိန်းအထိ ရောင်းချနိုင်ခဲ့ဖို့ရှိပါတယ်။

Master of Speed နာမည်နဲ့ကြော်ငြာခဲ့တဲ့ ဒီဖုန်းဟာ ၂၀၁၈ အမြင့်ဆုံး processor ဖြစ်တဲ့ Snapdragon 845 chipset နဲ့လာပြီး ဂိမ်းကစားသူများအတွက် အအေးပေးစနစ်ဖြစ်တဲ့ LiquidCool technology ထည့်သွင်းထားတာပါ။ ကျောဘက်မှာ 12MP+5MP ထောင်လိုက် dual cameras ပါရှိပြီး ရှေ့မှာ အနီအောက်ရောင်ခြည်နဲ့မျက်နှာဖတ်ရှုနိုင်မယ့် 20MP ဆယ်လ်ဖီကင်မရာ သုံးထားပါတယ။်

Poco F1 ဟာ ဘက်ထရီပိုင်းမှာ Quick Charge 3.0 အားသွင်းနည်းပညာပါတဲ့ 4000 mAh ဘက်ထရီနဲ့လာပါတယ်။ အနိမ့်ဆုံးမော်ဒယ်ကို ၂၀၉၉၉ ရူပီး(မြန်မာငွေ ၄ သိန်းခွဲကျော်) ဈေးနဲ့စတင်ရောင်းချသွားမှာ ဖြစ်ပြီး 6GB/128GB မော်ဒယ်ကို ၂၃၉၉၉ရူပီး (မြန်မာငွေ  ၅ သိန်းကျော်) နဲ့RAM 8GB/256GB မော်ဒယ်ကို ၂၈၉၉၉ ရူပီး (မြန်မာငွေ ၆ သိန်းကျော်) ဈေးနဲ့ရောင်းချသွားဖို့ကြေငြာထားပါတယ်။

Photo: Trusted Reviews

 

အိန္ဒိယဈေးကွက်အတွက် Pocophone F1 ရဲ့ နောက်ထပ် flash sale ကို စက်တင်ဘာ ၅ ရက်နေ့မှာ ထပ်မံ ကျင်းပသွားမှာပါ။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့ဈေးကွက်ကိုတော့ နောက်လထဲ ဝင်ရောက်ဖ

Share

Loading Next Article...
က္က