နည်းပညာကို နေရာတိုင်း သုံးနေပါပြီ

တရုတ်နိုင်ငံ ရှန်ဟိုင်းမှာရှိတဲ့ အများသုံး စမတ်အိမ်သာတွေဟာ ၁၅ မိနစ်နဲ့အထက် သုံးစွဲတာနဲ့သတိပေးမယ့် နည်းပညာ သုံးလာကြပါတယ်။



ရှန်ဟိုင်းမှာ အများသုံး စမတ်အိမ်သာပေါင်း ၁၅၀ တည်ဆောက်ထားပြီး ဒီအိမ်သာတွေမှာ AI နည်းပညာ သုံးထားတာ ဖြစ်ပါတယ်။အိမ်သာတစ်လုံးချင်းစီမှာ အနီအောက်ရောင်ခြည်နဲ့ultrasoung စနစ်များ သုံးပြီး အထဲမှာ လူရှိမရှိကို စစ်ဆေးသွားမယ်လို့South China Morning Post သတင်းက ဖော်ပြထားပါတယ်။

Photo: todayonline


လူ့ကိုယ်ခန္ဓာကို ဖတ်ရှုတဲ့ အာရုံခံစနစ်ကနေ အထဲမှာ ထိုင်နေတဲ့ ကြာချိန်ကိုပါ တွက်ချက်နေမှာ ဖြစ်ပြီး လေအရည်အသွေးကိုပါ တိုင်းတာသွားမှာပါ။ ဒါ့အပြင် ရေချွေတာတဲ့အနေနဲ့လူရှိနေချိန် ရေအနေအထားပါ ချိန်ညှိပေးသွားမယ်လို့ဆိုပါတယ်။

တရုတ်နိုင်ငံဟာ လေဆိပ်ကနေ အမှိုက်ပုံအထိ နည်းပညာကို နေရာတိုင်း အသုံးပြုနေတာ ဖြစ်ပါတယ်။ စမတ်အိမ်သာစနစ်ကို တရုတ်နိုင်ငံသား တစ်ချို့ကတော့ သိပ်သဘောတွေ့ပုံ မရပါဘူး။

“ ကျွန်မရင် ရှက်စရာ ဖြစ်နေမှာ။ ငယ်ငယ်ကတည်းက အိမ်သာတက်ရင် နာရီဝက်လောက် ကြာတာ။ အခုလိုဆို အိမ်သာဝန်ထမ်းက ကျွန်မကို နှစ်ခါတောင် လာကြည့်မယ့်သဘောဖြစ်နေတာ ။ စိတ်ရှုပ်ရတာပေါ့ရှင်” လို့ရှန်ဟိုင်းမှာနေထိုင်တဲ့ Liu ဆိုသူက South China Morning Post ကို ပြောပါတယ်။

Photo: asiaone

ဘေဂျင်း ၊ ဂေါင်ဂျိုး နဲ့ရှန်းကျန့်တို့မှာလည်း အလားတူ အများသုံး စမတ်အိမ်သာများ တည်ဆောက်ဖို့လုပ်ဆောင်နေပါတယ်။တရုတ်နိုင်ငံက မြို့ကြီးပေါင်း ၇၀၀ ကျော်မှာလည်း အလားတူ စမတ်အခြေခံအဆောက်အဦးများ တည်ဆောက်ဖို့အတွက် အဆိုပြုထားတယ်လို့ယခုနှစ်ဆန်းပိုင်းက ကွမ်ဇန်စက်မှူသုတေသနကျောင်းရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။


၂၀၁၉ နှစ်အတွင်းမှာ တရုတ်နိုင်ငံရဲ့ စမတ်မြို့တော်များ ဈေးကွက်ပမာဏဟာ ယွမ် ၁၀ ထရီလီယံကျော်လာဖို့ရှိပြီး လာမယ့် ၂၀၂၂ ခုနှစ်မှာောတ့ ယွမ် ၂၅ ထရီလီယံအထိ ရှိလာမယ်လို့ခန့်မှန်းထားပါတယ်။

Share

Loading Next Article...
က္က