၇၉၉ ဒေါ်လာဈေးနဲ့ ရောင်းချသွားမှာပါ

ဘက်ထရီပါဝါနဲ့ image sensor ပိုကြီးလာတဲ့ DJI ရဲ့ Mavic Air 2 သစ် ထွက်လာပြီ ဖြစ်ပါတယ်။

ပထမမော်ဒယ် Mavic Air ထွက်ရှိပြီး နှစ်နှစ်ခွဲခန့်အကြာမှာ Mavi Air 2 ဆိုပြီး ထွက်လာတာပါ။ Mavic Air 2 ဟာ DJI ထုတ် ဒရုန်းတွေထဲမှာ အချိန်အကြာဆုံး ပျံသန်းနိုင်တဲ့ ဒရုန်းဖြစ်ပါတယ်။ ဒရုန်းလောကမှာ လေထဲ ၃၄ မိနစ် ပျံသန်းနိုင်တယ်ဆိုတာ ချီးကျူးလောက်တဲ့ စံချိန် ဖြစ်ပါတယ်။ ဒီလို ပျံသန်းနိုင်ဖို့အတွက်လည်း DJI ဟာ လျှပ်စစ်မြန်နှုန်းထိန်း ESC သစ် ၊ ဘက်ထရီနဲ့ဒီဇိုင်းသစ် သုံးလာတာပါ။




အလေးချိန်အနေနဲ့ အရင် Mavic Air ရဲ့ ၄၇၀ ဂရမ်ကနေ ၅၇၀ ဂရမ်အထိ ဖြစ်လာလို့ နည်းနည်း အလေးချိန် ပိုစီးလာတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ Mavic Air 2 ဟာ အနီးနားမှာ လေကြောင်းပျံသန်းမှုတွေ ရှိမရှိဆိုတာ ဒရုန်းမောင်းသူကို ထောက်လှမ်းအသိပေးမယ့် AirSense နည်းပညာ ပါလာတဲ့ ပထမဆုံး ဒရုန်းပါ။

လောလောဆယ်မှာ COVID-19 ကပ်ဘေးအတွင်း Supply Chain ပြဿနာ ရှိလို့ မြောက်အမေရိကမှာပဲ ပထမဆုံး ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။ AirSense နည်းပညာကတော့ တစ်ခြားဈေးကွက်တွေမှာ ဒီနွေရာသီမှာပဲ ရောက်ရှိလာမယ်လို့ ဆိုပါတယ်။ တစ်ခြားဒရုန်းတွေလိုပဲ ပျံသန်းချိန် ရှေ့/နောက် အတားအဆီးတွေနဲ့ မတိုက်မိအောင် ရှောင်ရှားနိုင်တဲ့ Obstacle sensor တွေ ပါရှိပါတယ်။ 

ခပ်မှောင်မှောင် အချိန်မျိုး မြေပြင်ပေါ် ဆင်းသက်ရာမှာ အကူအညီဖြစ်ဖို့ အောက်ခြေမှာ Sensor တွေ ဘေးမှာ အကူအလင်းတွေ ထည့်ပေးထားပါတယ်။ အလိုအလျောက် ပျံသန်းတဲ့ Autonomous Flight Modes တွေ အဆင့်မြှင့်ထားပေမယ့် Skydio ဒရုန်းတွေမှာလို Self-Flying အတွေ့အကြုံတော့ မျှော်လင့်မထားဖို့ ကုမ္ပဏစီက ပြောထားပါတယ်။

DJI ဟာ Mavic Air 2 မှာ လက်မဝက်ခန့်ရှိတဲ့ Quad Bayer Sensor သစ် ထည့်ထားပါတယ်။ ဒီ sensor ဟာ စမတ်ဖုန်းတွေမှာ သုံးလာတဲ့ 48MP sensor နဲ့ ဆင်ပါတယ်။ 12MP ဓါတ်ပုံတွေ ရိုက်ကူးဖမ်းယူနိုင်ပြီး snap shots ရိုက်ချက်မှာ Full Res နဲ့ ရိုက်ကူးနိုင်မှာပါ။ ဗွီဒီယိုရိုက်ကူးမှုအတွက် 4K video တွေကို 60fps အထိ ရိုက်ကူးနိုင်အောင် ပံ့ပိုးထားပါတယ်။

Photo: The Union Journal

Mavic Air 2 ဟာ HDR videoo တွေနဲ့ HDR Panorama ပုံတွေ ရိုက်ကူးနိုင်သလို 8K time-lapse videos တွေပါ ထုတ်နိုင်မယ်လို့ ဆိုပါတယ်။ ဇွန်လကုန်လောက်မှာ ကင်မရာ mode အားလုံး 8K support ပေးသွားမယ်လို့ မျှော်လင့်ရပါတယ်။ Mavic Air 2 ဟာ နေဝင်ချိန်မြင်ကွင်း ၊ ကောင်းကင်ပြာ ၊ နှင်း ၊ မြက်ခင်းနဲ့ သစ်ပင် စတဲ့ မြင်ကွင်း ၅ ခုကို သိရှိနိုင်ပါတယ်။

မေလ ၁၁ ရက်နေ့ အမေရိကန်ဈေးကွက်မှာ စတင်ဖြန့်ချိသွားမှာ ဖြစ်ပြီး ၇၉၉ ဒေါ်လာဈေးနဲ့ ဒီနေ့ပဲ pre-order မှာနိုင်မယ်လို့ ဆိုပါတယ်။ ND filter ပါ Fly More Bundle ၊ ဒရုန်းထည့်သယ်လို့ ရမယ့် အိတ် ၊ ဒရုန်းပန်ကာတွေ ကာတဲ့ prop guard ၊ အားသွင်း Charging Hub နဲ့ ဘက်ထရီ ၃ လုံးပါ ဝယ်မယ်ဆိုရင်တော့ ၉၈၈ ဒေါ်လာ ကျသင့်မှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က