ထောက်ခံတုန်းကလည်း ရှေ့ဆုံးက၊ ထွက်ခိုင်းတော့လည်း ရှေ့ဆုံးကပါ။

လီဗာပူးလ်ကို ၅-၀၊ မန်စီးတီးကို ၂-၀ တို့နဲ့ အရေးနိမ့်ခဲ့မှုအပါအဝင် ယူနိုက်တက်ဟာ ၄ ပွဲအထိ ရှုံးနိမ့်ခဲ့ကာ ဆိုးလ်ရှားလည်း ဖိအားတွေ အကြီးအကျယ်ခံစားနေရတာဖြစ်ပါတယ်။ 


ဆိုးလ်ရှားအနေနဲ့ အသင်းကို လက်လွှဲထားခဲ့ပြီး ထွက်ခွာသွားချိန်တန်ပြီလို့ ယူနိုက်တက်ကစားသမားဟောင်းရီယိုဖာဒီနန်က ပြောဆိုလိုက်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ၆ ပွဲမှာ ရလဒ်တွေဆိုးရွားခဲ့ပြီး လီဗာပူးလ်ကို ၅-၀၊ မန်စီးတီးကို ၂-၀ တို့နဲ့ အရေးနိမ့်ခဲ့မှုအပါအဝင် ယူနိုက်တက်ဟာ ၄ ပွဲအထိ ရှုံးနိမ့်ခဲ့ကာ ဆိုးလ်ရှားလည်း ဖိအားတွေ အကြီးအကျယ်ခံစားနေရတာဖြစ်ပါတယ်။ 



အသင်းကို တာဝန်ယူချိန်ကစလို့ လက်ရှိအချိန်ထိ ဆုဖလားတစ်လုံးမှ ရယူပေးနိုင်ခြင်းမရှိသေးဘဲ ဒီရာသီမှာ အမှတ်ပေးပွဲ ၁၁ ပွဲကစားအပြီး ချယ်လ်ဆီးနဲ့ ၉ မှတ်အထိ ပြတ်တောက်နေပြီလည်းဖြစ်ပါတယ်။ ဖာဒီနန်ဟာ သူ့ရဲ့အသင်းဖော်ဟောင်းဖြစ်သူ ယူနိုက်တက်ကို တာဝန်ယူချိန်ကစပြီး အကြီးအကျယ်ထောက်ခံမှုတွေပြုလုပ်ပေးခဲ့ပေမယ့်လည်း လက်ရှိမှာတော့ ဆိုးလ်ရှားရဲ့ အရည်အသွေးအပေါ် သံသယဝင်လာခဲ့ပြီဖြစ်ပါတယ်။ 

Five With Vibe podcast နဲ့ ပြုလုပ်ခဲ့တဲ့ အစီအစဉ်မှာ ဖာဒီနန်က "ဒီရာသီကို မျှော်လင့်ချက်တွေနဲ့ စတင်ခဲ့သလို အပြောင်းအရွှေ့စျေးကွက်မှာလည်း ကျွန်တော်တို့ ကောင်းကောင်းလုပ်နိုင်ခဲ့တယ်၊ စိတ်လှုပ်ရှားစရာကောင်းခဲ့ပြီးတော့ ငါတို့အချိန်ရောက်ပြီလို့ ထင်ခဲ့ကြတယ်၊ အိုလေက အဲဒီကိုရောက်အောင် ခေါ်သွားတယ်၊ အသင်းကို တောင့်တင်းနေအောင်၊ အမှတ်ပေးဖလားကိုစိန်ခေါ်နိုင်အောင် ကစားသမားသစ်တွေ ခေါ်ယူခဲ့ပါတယ်"

"အခု ကျွန်တော်ဒီမှာထိုင်နေတယ်၊ အမှတ်ပေးဖလားကို စိန်ခေါ်နိုင်စွမ်းရှိတယ်လို့ ကျွန်တော်မထင်တော့ဘူး၊ အပတ်တိုင်း ကျွန်တော်တို့ရဲ့အသင်းကို ကြည့်နေရတာက နည်းဗျူဟာကျကျ ဘာလုပ်ရမလဲလို့ပဲ တွေးနေမိပါတယ်၊ ယူနိုက်တက်မှာ စီမံခန့်ခွဲမှုကအစပြုပြီး ရှိနေရမယ့် ကစားပုံ၊ အတွေးအခေါ်ကအစ ဖြစ်သင့်တာမှန်သမျှ ဘာကိုမှမတွေ့ရဘူး၊ ဒီမှာထိုင်ပြီးတော့ စိတ်ရှုပ်နေရတယ်၊ ကျွန်တော်ခံစားနေရတာကတော့ ချန်ပီယံဖြစ်အောင်လုပ်ပေးနိုင်မယ့်သူဆီ လက်လွှဲပြောင်းသင့်ပြီဆိုတာပဲ"

"အိုလေအတွက် ဒီအချိန်က ထွက်သွားရမယ့်အချိန်လို့ ကျွန်တော်ထင်တယ်၊ သူတည်ဆောက်ခဲ့တဲ့ အသင်းက ဘာလဲဆိုတာကို ရာသီအစပိုင်းမှာပြခဲ့ပြီးနေပါပြီ၊ အသေးစိတ်က အစ ကျွန်တော်ကြည့်နေခဲ့တာပါ၊ အသင်းက အမှတ်ပေးဖလားကို စိန်ခေါ်နိုင်တဲ့နေရာမှာမရှိပါဘူး" လို့ ပြောဆိုသွားခဲ့ပါတယ်။ ဆိုးလ်ရှားက နိုင်ငံတကာပွဲစဉ်တွေကစားမယ့်အချိန်မှာ အားလပ်ရက်အဖြစ် နော်ဝေကို ပြန်သွားခဲ့တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က