နူနက်ဇ်က ၄ ဂိုးသွင်းအပြီးမှာ ပြန်ပြီးလက်တုံ့ပြန်နေတာပါ။

လိုက်ဇစ်နဲ့ပွဲမှာ ဒါဝင်နူနက်ဇ်က တဦးတည်း ၄ ဂိုးအထိ သွင်းယူခဲ့ပြီးနောက် လူမှုကွန်ယက်ပေါ်မှာတော့ လီဗာပူးလ်ပရိသတ်တွေ တော်တော်လေးအလုပ်ရှုပ်နေပြီဖြစ်ပါတယ်။ ရာသီကြိုခြေစမ်းပွဲတွေမှာ ခြေစွမ်းမပြနိုင်ဖြစ်နေခဲ့တဲ့ နူနက်ဇ်က မနေ့ကပွဲမှာတော့ လူစားဝင်လာခဲ့ပြီး ၄ ဂိုးဆက်တိုက်သွင်းယူခဲ့ကာ သူ့အပေါ် လှောင်ပြောင်ဝေဖန်မှုတွေကို အသံတိတ်စေခဲ့ပြီဖြစ်ပါတယ်။ 

အသက် ၂၃နှစ်အရွယ် ဥရုဂွေးတိုက်စစ်မှူးရဲ့ စွမ်းဆောင်ရည်အပေါ် လီဗာပူးလ်ပရိသတ်တွေက ကျေနပ်အားရနေခဲ့ပြီး တွစ်တာပေါ်မှာ အကြီးအကျယ်အောင်ပွဲခံခဲ့ကြပါတယ်။ သူတို့တိုက်စစ်မှူးကို လှောင်ပြောင်ခဲ့သမျှအတွက် အတိုးချပြီး ပြန်လည်တုံ့ပြန်မှုတွေကို ပြုလုပ်ခဲ့ရာမှာ နူနက်ဇ်က ဟာလန်းထက်တောင်မှ ပိုကောင်းသေးတယ်ဆိုပြီး ပြောဆိုခဲ့တဲ့အထိပါပဲ။ 

"နူနက်ဇ်က flop ဖြစ်ပြီဆိုပြီး သူတို့တွေ ပြောနေကြတယ်၊ အခုတော့ ၂၃ မိနစ်အတွင်းမှာပဲ ဟက်ထရစ်သွင်းလိုက်ပြီ၊ အခု ယူနိုက်တက်ပရိသတ်တွေအနေနဲ့ သူတို့ပြောခဲ့တဲ့ Tweets တွေကို ပြန်ဖျက်သင့်နေပြီ" လို့ ပရိသတ်တဦးက ရေးသားခဲ့ပါတယ်။ နောက်ထပ်တဦးကလည်း "ကလော့ပ်က မင်းအတွက် ငွေအများကြီးသုံးဖို့ ဆုံးဖြတ်ခဲ့တယ်၊ မင်းက Flop ဖြစ်မှာမဟုတ်ဘူး၊ ဒါကို ဘယ်တုန်းကမှ သံသယမရှိခဲ့ဘူး၊ သူက အသင်းနဲ့ အလုံးစုံအထိုင်ကျသေးတာမဟုတ်ဘူးနော်၊ ငါတို့စောင့်နေဦးမယ်" လို့ နောက်တဦးက ဆိုပါတယ်။ 

"နူနက်ဇ်က ၂၃ မိနစ်အတွင်း ဟက်ထရစ်သွင်းပြီး အားလုံးကို ပါးစပ်ပိတ်ပေးလိုက်ပြီ၊ ၃ ကြိမ်ကန်သွင်းတယ်၊ ၃ ဂိုးရတယ်" လို့ နောက်ထပ်တဦးကလည်း ရေးသားခဲ့ပါတယ်။ ဒါဟာ နူနက်ဇ်ကို လှောင်ပြောင်ဝေဖန်မှုတွေအားလုံးအတွက် လီဗာပူးလ်ပရိသတ်တွေက အတိုးနဲ့ပါ ပြန်လက်တုံ့ပြန်နေခဲ့တာဖြစ်ပြီး သူတို့ကစားသမားက အားလုံးထင်မှတ်သလိုမဟုတ်ဘူးဆိုတာကိုလည်း ဂုဏ်ယူဝံ့ကြွားစွာနဲ့ ပြောဆိုနေခဲ့တာပဲဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က