ဖရက်ဒ်နဲ့တဲလက်စ်တို့ကို ဘရူနိုတယောက် အော်ဟစ်ခဲ့တာပါ။

ယူနိုက်တက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ရုပ်ရှင်ရိုက်ကူးနေတဲ့ အသင်းဖော်နှစ်ယောက်ကို လှမ်းပြီး အော်ဟစ်ပြောဆိုနေတဲ့ ဗီဒီယိုဖိုင်တခုက ဆိုရှယ်မီဒီယာမှာ ရေပန်းစားလျက်ရှိပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်းမှာ ဖြစ်ပွားခဲ့ဟန်ရှိပြီး ဖရက်ဒ်နဲ့အဲလက်စ်တဲလက်စ်တို့ ဘရာဇီးသားနှစ်ယောက်ကို ဘရူနိုဖာနန်ဒက်စ် အော်ဟစ်ခဲ့တာပါ။



အဲ့ဒီတုန်းက ဖရက်ဒ်နဲ့ အဲလက်စ်တဲလက်စ်တို့ဟာ ဘရာဇီးက ဘောလုံးစျေးကွက်စီးပွားရေးအေဂျင်စီတခုအတွက် ယူနိုက်တက် လေ့ကျင့်ရေးကွင်းပြင်ပမှာ ရုပ်ရှင်ရိုက်ကူးနေကြတာဖြစ်ပါတယ်။ ဒီဗီဒီယိုထဲမှာ အဲလက်စ်တဲလက်စ်ရဲ့ တနေ့တာအကြောင်းကို ရိုက်ကူးတင်ဆက်ခဲ့ပြီး လေ့ကျင့်ရေးကွင်းကို ဖရက်ဒ်နဲ့အတူ ရောက်ရှိလာတဲ့ အဲလက်စ်တဲလက်စ်ကို ရုပ်သံရိုက်ကူးနေတာဖြစ်ပါတယ်။

ဒီအချိန်မှာ ဘရူနိုဖာနန်ဒက်စ်က လေ့ကျင့်ရေးကွင်းအဝင်ဝကနေ “ဟေ့ကောင်တွေ၊ -ောတွေလုပ်မနေကြနဲ့၊ မင်းတို့ ဒီမှာ ဘောလုံးကန်ရမှာ။ ရုပ်ရှင်ရိုက်ရမှာမဟုတ်ပါဘူး။ ရုပ်ရှင်ရိုက်ချင်ရင် ငါ့ဘောင်းဘီထဲက ပစ္စည်းကို လာရိုက်ကြကွာ” လို့ အော်ဟစ်ခဲ့ပါတယ်။ ဒီအချိန်မှာ ဖရက်ဒ်ကလည်း “အေးဆေးလုပ်စမ်းပါ သောက်တလွဲကောင်ရာ” လို့ ပြန်လည်အော်ဟစ်ခဲ့ပါတယ်။


ဘရူနိုဖာနန်ဒက်စ်တယောက် ဒီလိုမျိုး အော်ဟစ်ခဲ့တာက အသင်းဖော်တွေကို အပြစ်တင်လိုခြင်းမဟုတ်ဘဲ စနောက်တဲ့သဘောအနေနဲ့သာ အပြန်အလှန်အော်ဟစ်ခဲ့ကြတယ်လို့ နားလည်ရပါတယ်။ ယူနိုက်တက်မှာ ဘရာဇီးသားနဲ့ပေါ်တူဂီသားတွေဟာ နဂိုသဘာဝအရကို ရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်လို့ဆိုနိုင်ပါတယ်။

လာမယ့်ရာသီ ယူနိုက်တက်မှာ တဲလက်စ်၊ ဘရူနိုဖာနန်ဒက်စ်တို့ နေရာရဖွယ်ရှိပြီး ဖရက်ဒ်ကတော့ ကွင်းလယ်လူသစ်တွေ ရောက်ရှိလာချိန်မှာ ပုံမှန်တနေရာအတွက် တိုက်ပွဲဝင်ရဖွယ်ရှိပါတယ်။ လာမယ့် ဇွန် (၂၇) မှာတော့ ယူနိုက်တက်ရဲ့ ရာသီကြိုလေ့ကျင့်ခန်း အစီအစဥ်တွေကို ပြန်လည်စတင်တော့မှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က