ချဲလ်ဆီးနည်းပြ ပိုချက်တီနိုက အာဆင်နယ်ကို ငါးဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ ဝေဖန်ပြစ်တင်သွားခဲ့ပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးတို့ ဘာမှ ထူးထူးခြားခြား မလုပ်ပြနိုင်ခဲ့ဘဲ စိတ်ပျက်ဖွယ် ခြေစွမ်းကို ပြသခဲ့တာပါ။
ပွဲအပြီးမှာ ပိုချက်တီနိုက “ကျွန်တော်တို့က ဒီလိုမတည်ငြိမ်မှုမျိုးတွေကြောင့်ပဲ အခုရောက်နေတဲ့ နေရာမှာ ရှိနေတာပါ။ မန်စီးတီးနဲ့ပွဲမှာ အံ့အားသင့်ဖွယ် စွမ်းဆောင်ရည်ကို ပြသနိုင်သလို အခု ဒီလိုပွဲမျိုးမှာလည်း အလားတူပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ ခြေစွမ်းဆိုးရွားတဲ့နေ့တွေကျရင် ဆိုးကို ဆိုးလွန်းတာပါ”
“ပြောရတာလည်း ခက်ပါတယ်။ ပြီးခဲ့တဲ့ရာသီပြီးဆုံးသွားတဲ့အချိန်မှာလည်း ကျွန်တော်တို့ ဒီလိုပဲ ပြောခဲ့ဖူးပါတယ်။ ဝင်ဘလေကွင်းမှာ ပုံစံကောင်းပြနိုင်ခဲ့ပေမယ့် ဒီနေ့ အာဆင်နယ်ကို ရှုံးခဲ့ပါတယ်။ ငါတို့ ပြိုင်ဆိုင်နိုင်စွမ်းတော့ ရှိခဲ့ပါတယ်။ ဒါပေမယ့် ပထမနေ့၊ လွန်ခဲ့တဲ့ သုံးရက်နဲ့ အခု ဒီနေ့မှာ ဒီလိုတွေ ဖြစ်နေရတာလဲ”
“ဒီအခြေအနေတွေအရ၊ မတူညီတဲ့ အကြောင်းပြချက်တွေအရ ကျွန်တော်တို့ အပြောင်းအလဲတွေ ပြုလုပ်ဖို့ လိုအပ်ခဲ့ပါတယ်။ ဒါက တည်ငြိမ်မှုရဖို့အတွက်ပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ပိုချက်တီနို လက်ထက် ချဲလ်ဆီးရဲ့ အားနည်းချက်ကလည်း အခု သူပြောသလို ခြေစွမ်းနဲ့ ရလဒ်ပိုင်း တည်ငြိမ်မှုပဲဖြစ်ပါတယ်။
ချဲလ်ဆီးရဲ့ ရလဒ်ပိုင်းတွေက နိမ့်မြင့်တက်ကျ များလွန်းပြီး အဲ့ဒါကြောင့်လည်း ရာသီကုန်ဖို့ ပွဲသိပ်မကျန်တော့တဲ့အချိန်အထိ ချဲလ်ဆီးတို့ အမှတ်ပေးဇယားရဲ့ အလယ်အလတ်နေရာမှာ ရုန်းကန်နေရတာလည်း ဖြစ်ပါတယ်။