လာလီဂါမှာ ၁၂ မှတ်အထိ ဖြတ်တောက်လိုက်ပြီဖြစ်ပါတယ်။

ဘာစီလိုနာကတော့ စပိန်လာလီဂါမှာ ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူပြီး ၁၂ မှတ်အထိ ဖြတ်လိုက်ပါပြီ။ မနေ့ညက ကစားခဲ့တဲ့ အယ်ကလက်စီကိုပွဲမှာလည်း ရီးရဲလ်တို့ အရေးနိမ့်ခဲ့ပြီး ဒီရာသီမှာ ဘာစီလိုနာကို အနိုင်မရခဲ့ဘဲ အခုဆိုရင် အမှတ်တွေ ပြတ်သထက် ပြတ်သွားခဲ့တာကြောင့် စပိန်လာလီဂါဖလားကိုပါ ဆုံးရှုံးရတော့မယ့် အခြေအနေကို​ရောက်သွားခဲ့ကာ ဇာဗီကတော့ အမှတ်ပေးဖလားအတွက် စိတ်ကူးကောင်းကောင်းယဉ်လို့ရနေပြီဖြစ်ပါတယ်။ 

ပွဲအစ ၉ မိနစ်မှာပဲ အာရူဂျိုရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုကြောင့် ရီးရဲလ်က ပွဲကိုဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ပထမပိုင်းပြီးခါနီးမှာ ဆာဂျီရောဘတ်တိုက ဘာကာအတွက် ချေပဂိုးသွင်းယူပေးခဲ့ပြီး ဒုတိယပိင်းနာကျင်အချိန်ပိုမှာလည်း ဖရန့်ကက်ဆီက အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့လို့ ဘာကာတို့ နိုင်ပွဲရခဲ့ပါတယ်။ အဆန်စီယိုက ဒီမတိုင်ခင် ဦးဆောင်ဂိုးသွင်းခဲ့ပေမယ့် VAR က လူကျွံတယ်ဆိုပြီး ဆုံးဖြတ်ကာ ပယ်ဖျက်ခဲ့လို့ ရီးရဲလ်မက်ဒရစ်တို့ ဒေါသထွက်ခဲ့ရပါတယ်။ 

ပွဲအပြီးမှာ ရီးရဲလ်ဂိုးသမားကော်တွိုက်စ်က ဒီဂိုးကို ခွင့်မပြုခဲ့တာက ဝမ်းနည်းစရာကောင်းတယ်လို့ ပြောဆိုခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ကတော့ ဒီရာသီမှာ ဘာစီလိုနာနဲ့ ၄ကြိမ်ရင်ဆိုင်ခဲ့ရာမှာ တပွဲသာ အနိုင်ရရှိခဲ့ပြီး ကျန်ပွဲအားလုံးကို အရေးနိမ့်ခဲ့ပါတယ်။ လာလီဂါအိမ်ကွင်းပွဲမှာသာ အနိုင်ရခဲ့တာဖြစ်ပြီး စပိန်စူပါဖလားမှာ အရေးနိမ့်ခဲ့သလို ကိုပါဒယ်ရေးဆီမီးဖိုင်နယ်ပထမအကျော့မှာလည်း ရှုံးနိမ့်ထားခဲ့ပါတယ်။ 

အခုလည်း လာလီဂါအဝေးကွင်းမှာ အရေးနိမ့်ခဲ့လို့ ထိပ်တိုက်တွေ့ဆုံမှုအရ သူတို့တွေ ဘာစီလိုနာကို မယှဉ်နိုင်အောင်ဖြစ်ခဲ့ရပြီး အန်ဆယ်လော့တီအတွက်လည်း ဖိအားတွေတိုးသွားခဲ့ပါတယ်။ ဘာစီလိုနာကို ကိုပါဒယ်ရေးမှာ အရေးနိမ့်ခဲ့တဲ့နောက် ရီးရဲလ်ဘုတ်အဖွဲ့က စိတ်ပျက်ခဲ့ပြီး အန်ဆယ်လော့တီကို ထုတ်ပယ်ဖို့အတွက်တောင် စဉ်းစားနေပြီလို့ သတင်းတွေထွက်ခဲ့ပါသေးတယ်။ 

Share

Loading Next Article...
က္က