ရာသီကြိုခြေစမ်းပွဲအဖြစ် ဩစတြေးလျမှာ ခြေစမ်းပွဲကစားရမယ့်အပေါ် မပျော်မရွှင်ဖြစ်နေခဲ့တဲ့ ဘာစီလိုနာအသင်းသားတွေကို နည်းပြဇာဗီက သတိပေးပြောဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ မတ်လ ၂၅ ရက်နေ့က ဘာစီလိုနာဟာ ဩစတြေးလျလိဂ်ရဲ့ အကောင်းဆုံးအသင်းနဲ့ ခြေစမ်းပွဲကစားခဲ့တာဖြစ်ပြီး ၂-၃ နဲ့ အနိုင်ရရှိခဲ့ပါတယ်။
လာလီဂါနောက်ဆုံးပွဲအဖြစ် ဗီလာရီးရဲလ်နဲ့ ကစားပြီး ၂ ရက်အကြာမှာပဲ အဆိုပါပွဲကို ကစားခဲ့ရတာဖြစ်လို့ အသင်းသားတွေက မပျော်မရွှင်ဖြစ်နေခဲ့ကြတာပါ။ ပုံမှန်အားဖြင့် ရာသီနောက်ဆုံးပွဲပြီးဆုံးပါက အနားယူဖို့အတွက် စီစဉ်ရတော့မှာဖြစ်ပေမယ့်လည်း နောက်ထပ်တပွဲ ထပ်မံကစားရတဲ့အပေါ်မှာ မကျေမနပ်ဖြစ်ခဲ့ကြတယ်လို့လည်း ယူဆရပါတယ်။
ဒီအတွက် ဇာဗီက "ဒီလိုတွေကစားနေရတာက မင်းတို့ကိုလစာပေးဖို့၊ ကောင်းပြီ၊ မကျေမနပ်ဖြစ်နေကြတယ်ဆိုရင် ယူရို ၅ သန်းကို မင်းတို့အိတ်ထဲကထုတ်ပြီးတော့ စားပေါ်ပွဲမှာတင်ထားလိုက်လေ၊ အဲဒါကို ငါယူပြီးတော့ အသင်းဥက္ကဌဆီသွားပေးလိုက်မယ်၊ ဒါဆိုရင် မင်းတို့လည်း ဩစတြေးလျကို သွားစရာမလိုတော့ဘူးလို့" ပြောဆိုခဲ့ကြောင်း Just Football က ဖော်ပြခဲ့ပါတယ်။
ဘဏ္ဍာရေးပြသနာတွေအကြီးအကျယ်ရှိနေတဲ့ ဘာစီလိုနာဟာ ငွေကြေးကို တတ်နိုင်သမျှနည်းလမ်းပေါင်းစုံနဲ့ ရှာဖွေနေရတာလည်းဖြစ်ပါတယ်။ နူးကမ့်ပွဲမှာ မင်္ဂလာပွဲကျင်းပဖို့အတွက်တောင်မှ လက်ခံပေးနေတာဖြစ်ပြီး သူတို့ရဲ့ငွေကြေးပြသနာကိုပြေလည်အောင် ဖြေရှင်းနေတာလည်းဖြစ်ပါတယ်။