လီယွန်နယ်မက်ဆီကတော့ ပထမဆုံးအကြိမ်အဖြစ် ပီအက်စ်ဂျီပရိသတ်တွေနဲ့ ပတ်သက်ပြီး သူ့ရဲ့ ခံစားချက်တွေကို ဖွင့်ဟခဲ့ပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့ရာသီတလျှောက်လုံး အသင်းပရိသတ်တွေဆီက လှောင်ပြောင်မှုကို ပြန်လည်ရင်ဆိုင်ခဲ့ရပြီး အခုအခါမှာတော့ အသင်းကနေ ထွက်ခွာခဲ့ပြီဖြစ်ကာ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီကို ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။
မက်ဆီက ဘတ်ပီနဲ့ နေမာတို့လည်း သူ့လိုပဲ ကြုံတွေ့ခဲ့ရတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ကာ ပီအက်စ်ဂျီပရိသတ်တွေရဲ့ လုပ်ရပ်က တော်တော်လေးဆိုးရွားနေတယ်ဆိုတာကို မီးမောင်းထိုးပြခဲ့ပါတယ်။ ပီအက်စ်ဂျီပရိသတ်တွေဟာ မက်ဆီကို လှောင်ပြောင်ခဲ့သလို နေမာရဲ့ အိမ်ရှေ့ကိုလည်း လူစုလူဝေးနဲ့ သွားရောက်ပြီး အသင်းကထွက်ခွာဖို့ကို အော်ဟစ်တောင်းဆိုခဲ့ကြပါတယ်။
RMC Sports နဲ့ အင်တာဗျူးမှာ မက်ဆီက "ကျနော် ပဲရစ်ကို လာခဲ့တာ ဘာကြောင့်လဲဆိုရင် ဒီအသင်းကို သဘောကျတာလည်းပါတယ်၊ ပြီးတော့ ကျနော့်သူငယ်ချင်းတွေလည်း ရှိနေတယ်၊ လက်ရွေးစင်အသင်းမှာ ကျနော်နဲ့သိတဲ့ သူတွေလည်း အများကြီးရှိတယ်၊လိုက်လျောညီထွေဖြစ်အောင် နေထိုင်ဖို့ ပိုလွယ်ကူတာကြောင့် ပဲရစ်ကို လာဖို့ ဆုံးဖြတ်ခဲ့တာပါ"
"အစပိုင်းမှာတော့ အရမ်းမိုက်ပါတယ်၊ ကျနော့်ကို အားပေးမှုတွေ အများကြီးပဲ ရတယ်၊ ဒါပေမယ့် အဲဒါတွေနောက်မှာတော့ လူတွေက ကျနော့်ကို မတူကွဲပြားတဲ့ ပုံစံနဲ့ ဆက်ဆံလာကြတယ်၊ ပဲရစ်မှာ ဒီလိုမျိုး အကွဲအပြဲတွေ ဖြစ်လာဖို့ဆိုတာက ကျနော့်ရဲ့ ရည်ရွယ်ချက်မဟုတ်ပါဘူး၊ ဒီလိုတွေလည်း ကျနော် မဖြစ်စေချင်ဘူး"
ဒါပေမယ့် နေမာနဲ့ ဘတ်ပီလည်း ဒီလိုတွေဖြစ်ခဲ့ပါတယ်။ အဲဒါကပဲ သူတို့ရဲ့ လုပ်ပုံကိုင်ပုံတွေပါ ၊ ဒီလိုပဲ လုပ်ခဲ့ကြတာပါ၊ ဒါပေမယ့် ကျနော့်ကို အားပေးထောက်ခံခဲ့တဲ့ လူတွေအားလုံးကိုတော့ အမှတ်ရနေမှာပါ၊ ကျနော့်ကို အားပေးခဲ့တဲ့ ဘတ်ပီနဲ့ နေမာတို့ရဲ့ အမှတ်ရစရာတွေကိုလည်း ကျနော် စွဲစွဲမြဲမြဲမှတ်ယူထားမှာပါ" လို့ မက်ဆီက ဖွင့်ဟသွားခဲ့ပါတယ်။