မနေ့ကပဲ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ခဲ့တာဖြစ်ပြီး ဝက်ဖို့ဒ်ကို ၄-၁ နဲ့အရေးနိမ့်ခဲ့မှုဟာ လက်ခံနိုင်စရာမရှိခဲ့သလို ဘယ်လိုအကြောင်းပြချက်မျိုးမှ ပေးစရာမလိုဘဲ ထုတ်ပယ်ခံရဖို့ဖြစ်လာခဲ့ပါတယ်။
ယူနိုက်တက်နည်းပြအဖြစ်ကနေ ဆိုးလ်ရှားထုတ်ပယ်ခံခဲ့ရတဲ့အပေါ်မှာ အသင်းတိုက်စစ်မှူးဟောင်းရွန်နိက ဒေါသထွက်ပေါက်ကွဲနေပြီဖြစ်ပါတယ်။ မနေ့ကပဲ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ခဲ့တာဖြစ်ပြီး ဝက်ဖို့ဒ်ကို ၄-၁ နဲ့အရေးနိမ့်ခဲ့မှုဟာ လက်ခံနိုင်စရာမရှိခဲ့သလို ဘယ်လိုအကြောင်းပြချက်မျိုးမှ ပေးစရာမလိုဘဲ ထုတ်ပယ်ခံရဖို့ဖြစ်လာခဲ့ပါတယ်။
"လက်ခံနိုင်စရာမရှိပါဘူး၊ ကျွန်တော့်အသင်းက ကစားသမားတွေသာ ဒီလိုမျိုးဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော်အရမ်းဒေါသထွက်မိမှာပါ၊ ယူနိုက်တက်လို အသင်းမျိုးကိုကြည့်ရင် ဒါက အကြီးမားဆုံးကလပ်မဟုတ်ရင်တောင်မှ အကြီးမားဆုံးတွေထဲက တခုပါ၊ ဒီကစားသမားတွေက ဒီအသင်းအတွက် ကစားခွင့်ရတဲ့ အေနအထားမှာရှိနေခဲ့ပါတယ်၊ ကျွန်တော့်အမြင်အရတော့ သူတို့ဒီထက်ပိုပြီးလုပ်ပြနိုင်ဖို့ လိုအပ်ပါတယ်"
"သူတို့တွေ အမှတ်ပေးဖလား၊ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့လိုအပ်တယ်လို့ ကျွန်တော်ပြောတာမဟုတ်ပါဘူး၊ ဒီထက်ပိုပြီးလုပ်ပြနိုင်ဖို့ လိုအပ်တယ်လို့ပြောချင်တာပါ၊ ဒီအသင်းအတွက် သူတို့အလုပ်လုပ်တယ်၊ ကစားပေးနေတယ်ဆိုတာ ပရိသတ်တွေကိုပြသရမှာပါ၊ အနည်းဆုံးတော့ ပရိသတ်တစ်ဦးအနေနဲ့ ဒါကိုမျှော်လင့်နေမှာပဲ။ ရလဒ်တွေကွဲပြားနိုင်ပေမယ့် အနည်းဆုံးတော့ ကြိုးစားအားထုတ်မှုရှိဖို့ လိုပါတယ်"
"အိုလေအတွက် ကျွန်တော်စိတ်မကောင်းပါဘူး၊ သူက ကျွန်တော့်အသင်းဖော်လည်းဖြစ်ပါတယ်၊ နည်းပြတစ်ဦးက သူ့အလုပ်ကိုဆုံးရှုံးသွားတဲ့အချိန်တိုင်း မြင်တွေ့ရတာက နှစ်လိုဖွယ်ရာမရှိပါဘူး၊ သူအကောင်းဆုံးဖြစ်အောင်ကြိုးစားခဲ့တယ်ဆိုတာလည်း ကျွန်တော်သိပါတယ်၊ ကံဆိုးတာကေတာ့ ဒီအတွက် သူ့အလုပ်ကိုပေးဆပ်လိုက်ရတာပါ၊ သူ့အတွက် စိတ်မကောင်းပါဘူး" လို့ ရွန်နီက ပြောဆိုခဲ့တယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။