ရန်းနစ်ဂ်နဲ့ပတ်သက်လို့ ပေါလ်မာဆင်က ဝေဖန်ပြောကြားခဲ့တာပါ။

ဘောလုံးဝေဖန်သုံးသပ်ရေးသမားအဖြစ် ဆောင်ရွက်နေတဲ့ ပေါလ်မာဆင်ကတော့ ယူနိုက်တက်တို့ ရန်းနစ်ဂ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်လိုက်တဲ့အပေါ် ဝေဖန်ပြောကြားလိုက်ပါတယ်။ ရန်းနစ်ဂ်ဟာ ဂျာမန်ဘွန်ဒက်စ်လီဂါက ဟော့ဖန်းဟိမ်း၊ လိုက်ပ်ဇစ်တို့ကို အောက်ခြေကနေ အသင်းကြီးတသင်းဖြစ်လာအောင် ဆွဲတင်ပေးနိုင်ခဲ့ပြီး ဂျာမန်ဘောလုံးလောကမှာ နာမည်ကောင်းရထားတဲ့ လူပုဂ္ဂိုလ်တဦးပါ။



ဒါ့အပြင် သူ့ရဲ့ ကစားဟန်နဲ့ပတ်သက်ပြီးတော့လည်း ပရိသတ်တွေက စိတ်လှုပ်ရှားနေကြပြီး ယူနိုက်တက်မှာပါ စိတ်လှုပ်ရှားစရာကစားဟန်ကို မြင်တွေ့ခွင့်ရဖို့ မျှော်လင့်နေကြပါတယ်။ ဒါပေမယ့် ပေါလ်မာဆင်ကတော့ ရန်းနစ်ဂ်ကိုခေါ်ယူတဲ့ ယူနိုက်တက်ရဲ့လုပ်ရပ်ကို မေးခွန်းထုတ်ဝေဖန်သွားခဲ့တာပါ။

ပေါလ်မာဆင်က “ရန်းနစ်ဂ်နဲ့ပတ်သက်လို့ ကြီးကျယ်ခမ်းနားတဲ့ စကားလုံးတွေကို ကျနော်ကြားနေရပါတယ်။ ဒါပေမယ့် သူက အင်္ဂလန်မှာ နည်းပြလုပ်ဖူးလို့လား။ သူက ကမ္ဘာပေါ်မှာ အကောင်းဆုံးအသင်းတွေထဲက တသင်းကိုတောင် နည်းပြမလုပ်ဖူးပါဘူး။ အဲ့ဒါဘာကြောင့်လဲဗျ”

“ကျနော် သိချင်နေတာလည်း အဲ့ဒါပါပဲ။ သူ ဒီလောက်ကောင်းတယ်ဆိုလည်း ဘာလို့ သူ့ကိုခန့်မယ့် အသင်းက မရှိခဲ့တာလဲ။ ကျနော် ဒါကို အမြဲတမ်း အဖြေရှာနေရပါတယ်။ သူ အလုပ်ကြိုးစားတယ်၊ အသင်းငယ်လေးတွေကို ချန်ပီယံဆုစိန်ခေါ်လာနိုင်အောင် သူလုပ်ပေးတယ်”

“ဒါပေမယ့် ဒါတွေက ကွဲပြားခြားနားပါတယ်။ ရှော်လ်ကေး ဒါမှမဟုတ် ဟော့ဖန်းဟိမ်းမှာ အဲ့ဒီအသင်းတွေကို သူက အဆင့်တခုအထိ ပို့ပေးနိုင်တာ ဟုတ်ပါတယ်။ ဒါပေမယ့် အခု သူကိုင်ရမယ့် ယူနိုက်တက်က အများကြီး ကွဲပြားခြားနားပါတယ်။ ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲကတသင်း၊ ကြယ်ပွင့်တွေလည်းရှိနေတယ်၊ သူတို့ကို ခင်ဗျားအတွက် ကစားအောင်လုပ်ရမှာ”

“ရှော်လ်ကေးတို့ ဟော့ဖိန်းဟိမ်းတို့က ကစားသမားတွေကတော့ ကစားတာပေါ့ဗျာ။ သူတို့က ခင်ဗျားပြောတာကို နားထောင်ပြီး ကစားသမားဘဝ နောက်တဆင့်တက်ချင်တာလေ။ အခု ယူနိုက်တက်မှာရှိနေတဲ့ ကစားသမားတွေနဲ့ တူတာမှမဟုတ်တာ။ ကျနော်ထင်ပါတယ်။ ဒီကိစ္စက လူတွေထင်ထားတာထက် ခက်ခဲမှာပါ။ လူတွေကတော့ ယူနိုက်တက် ကံကောင်းပြီဆိုတာချည်းပဲ စွတ်ပြောနေကြတော့တာပဲဗျာ” လို့ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က