ချန်ပီယံလိဂ်မှာ အုပ်စုနောက်ဆုံးနေရာရခဲ့တာကို ပေါက်ကွဲနေတာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးဟောင်းကြီး ဘာဘာတော့ဗ်က ယူနိုက်တက်ဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ဂါလာတာစာရေးနဲ့ ကိုပင်ဟေဂင်တို့ရဲ့ နောက် ရပ်တည်ခဲ့တာဟာ ရှက်စရာကောင်းလွန်းတယ်လို့ ပြင်းပြင်းထန်ထန် ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်ဟာ အုပ်စုနောက်ဆုံးနေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီး ယူရိုပါလိဂ်ဝင်ခွင့်နဲ့ပါ လွဲချော်ခဲ့တာပါ။

ဒါကြောင့် ဒီရာသီ သူတို့ရဲ့ ဥရောပခရီးစဉ်က ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ ပြည်တွင်းမှာလည်း ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလားတို့သာ ကျန်ရှိတော့ပြီး လိဂ်မှာ အဆင့် ၆ နေရာ ရောက်နေကာ လက်ရှိခြေစွမ်းပိုင်းအရ အဆင့် ၄ အတွင်းဝင်ရောက်နိုင်ဖို့ကို တော်တော်လေး အားထုတ်ရဖွယ်ရှိနေပါတယ်။ 

"ရလဒ်တွေကောင်းဖို့အတွက် အဓိကကျတဲ့ စွမ်းဆောင်ရည်တွေက မလုံလောက်ပါဘူး၊ ယူနိုက်တက်အတွက် ဥရောပဘောလုံးက အသင့်မဖြစ်သေးပါဘူး၊ ဆိုးရွားလွန်းပါတယ်၊ အသင်းက ကြည့်ရတာအဆင်ပြေတယ်၊ ကောင်းကောင်းကစားနိုင်တဲ့ပွဲတွေရှိရင်တောင်မှ တပွဲလုံးမှာ ဘယ်လိုဆက်လုပ်ရမလဲဆိုတာကို မသိရင် ဒုက္ခရောက်ပါလိမ့်မယ်"

"တည်ငြိမ်မှုနဲ့ အာရုံစူးစိုက်မှုဆိုတာ သူတို့မှာမရှိပါဘူး၊ ဒါကြောင့်လည်း အုပ်စုအောက်ဆုံးနေရာရခဲ့တာပါ၊ သူတို့လည်း ရှက်နေပါလိမ့်မယ်၊ ချန်ပီယံလိဂ်အတွက် သူတို့အသင့်မဖြစ်သေးပါဘူး၊ ဒါပေမယ့်လည်း ပွဲတွေကစားနေချိန်မှာ အရည်အသွေးကင်းမဲ့ရင် ဒုက္ခရောက်မှာပဲ၊ ကိုပင်ဟေဂင်နဲ့ ဂါလာတာနောက်မှာ ရပ်တည်ရတာ တကယ်ရှက်ဖို့ကောင်းပါတယ်' လို့ ပြောဆိုသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က