သူ့ကစားသမားအပေါ် ယုံကြည်မှုအပြည့်ပေးခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဂျ်က အသင်းကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်က မက်ဂွိုင်းယားမကစားနိုင်တဲ့အချိန်မှာ အသင်းခေါင်းဆောင်အဖြစ် ဆက်ရှိနေလိမ့်မယ်လို့ အခိုင်အမာပြောဆိုလိုက်ပါတယ်။ လီဗာပူးလ်နဲ့ပွဲမှာ ပြုမူခဲ့တဲ့ အပြုအမူတွေနဲ့ပတ်သက်ပြီး ဖာနန်ဒက်စ်ကို အသင်းခေါင်းဆောင်မခန့်သင့်ဘူးလို့ ဝေဖန်သံတွေထွက်နေခဲ့ပေမယ့် တန်ဟက်ဂျ်ကတော့ သူ့ကစားသမားကို အပြည့်အ၀ယုံကြည်နေခဲ့တာဖြစ်ပါတယ်။ 

လီဗာပူးလ်နဲ့ပွဲမှာ ဖာနန်ဒက်စ်က စိတ်ပျက်ဖွယ်ရာ ကိုယ်ဟန်အမူအရာတွေ လုပ်ပြခဲ့လို့ ဝေဖန်ခံနေရတာပါ။ ဒါကြောင့်လည်း သူ့ကို ယူနိုက်တက်ကစားသမားဟောင်းတွေက ဝေဖန်ခဲ့ကြပြီး အသင်းဖော်တွေကိုပါ စိတ်ပျက်စေတဲ့သူလို့ ပြောဆိုခဲ့ကြပါတယ်။ ဒါပေမယ့် တန်ဟက်ဂျ်ကတော့ ဖာနန်ဒက်စ်က အရေးပါတဲ့ ကစားသမားဖြစ်တယ်လို့ ပွင့်ပွင့်လင်းလင်းပဲ ပြောဆိုသွားခဲ့ပါတယ်။ 

"သူက ကောင်းမွန်တဲ့ရာသီတခုကို ကစားပေးနေတာပါ၊ အသင်းအတွက် အရေးပါတဲ့အခန်းကဏ္ဍမှာရှိနေပြီး ကျန​ော်တို့အခုရောက်နေတဲ့ အဆင့်ကလည်း အဲဒါကြောင့်ပါပဲ၊ သူက အသင်းအတွက် စွမ်းအင်တွေပေးခဲ့တယ်၊ အပြင်းထန်ဆုံး၊ အမြင့်မားဆုံးပုံစံနဲ့ ကစားပေးရုံမက မှန်ကန်တဲ့လမ်းကြောင်းနဲ့ လမ်းကြောင်းမှန်ကိုပါ အရောက်ပို့ပေးနေတာပါ၊ သူက အတုယူစရာကစားသမားတဦးပါ"

"ဒါပေမယ့် ပြီးပြည့်စုံတဲ့ လူဆိုတာမရှိပါဘူး၊ လူတိုင်းအမှားလုပ်မိတတ်ပါတယ်၊ ကျနော်တို့ သင်ယူဖို့လိုအပ်သေးသလို သူလည်းပဲ သင်ယူရဥိးမှာပါ၊ သူက ဉာဏ်ကောင်းတဲ့သူဖြစ်လို့ လုပ်နိုင်ပါလိမ့်မယ်၊ အသင်းမှာ သူရှိနေတဲ့အတွက် ကျနော်ပျော်ရွှင်မိတယ်၊ ဟယ်ရီ ကွင်းထဲမှာမရှိတဲ့အချိန်ဆို သူက အသင်းခေါင်းဆောင်ဖြစ်နေဦးမှာပါ" လို့ တန်ဟက်ဂျ်က ပြောဆိုခဲ့ပါတယ်။ 

ယူနိုက်တက်ကတော့ ဒီနေ့မှာ ဘက်တစ်နဲ့ ယူရိုပါလိဂ် ၁၆ သင်းအဆင့်ကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ လီဗာပူးလ်ကို အရေးနိမ့်ခဲ့တဲ့ပွဲကနေ ပြန်လည်ရုန်းထွက်ပြရမှာဖြစ်ပြီး သူတို့ဘယ်လိုတွေလုပ်ပြမလဲဆိုတာကို အားလုံးကလည်း စောင့်ကြည့်နေကြပါတယ်။ 

Share

Loading Next Article...
က္က