ကိန်းကတော့ စပါးက ထွက်ခွာဖို့ကို သူ ကိုယ်တိုင်က ပြတ်ပြတ်သားသားမရှိတာပါ။

ဘိုင်ယန်မြူးနစ်အသင်းဟာ စပါးတိုက်စစ်မှူးဟယ်ရီကိန်းအတွက် ကမ်းလှမ်းမှုတခုကို ဒီနေ့ပြုလုပ်ခဲ့ရာမှာ စပါးဘက်က ချက်ချင်းဆိုသလိုပဲ ပယ်ချခဲ့ပါတယ်။ အင်္ဂလန်အသင်းခေါင်းဆောင်ဟာ စပါးနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တာဖြစ်ပြီး စာချုပ်သစ်မချုပ်ဆိုနိုင်သေးတာပါ။ သူ့ကို မန်ချက်စတာယူနိုက်တက်ကလည်း စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်နေပါတယ်။ 

သတင်းတွေရဲ့ အဆိုအရ ဟယ်ရီကိန်းက ဘိုင်ယန်ကိုဆက်သွယ်ခဲ့ပြီး သူ ပြောင်းရွှေ့ချင်တယ်လို့ ဖွင့်ဟခဲ့ကြောင်း ဆိုပါတယ်။ တိုက်စစ်မှူးလိုအပ်ချက်ရှိနေတဲ့ ဘိုင်ယန်ကလည်း အချိန်ဆိုင်းမနေတော့ဘဲ ကိန်းကို ပေါင်သန်း ၆၀×+ အပိုဆုကြေးတွေနဲ့ ကမ်းလှမ်းခဲ့ပမေယ့် ပယ်ချခံခဲ့ရတာပါ။


ကိန်းက သူ ဘိုင်ယန်ကို ပြောင်းရွှေချင်တယ်လို့လည်း ပြောထားပေမယ့် အသင်းကရောင်းထုတ်မှသာ ထွက်ခွာမှာဖြစ်ပြီး အသင်းက မရောင်းဘူးဆိုရင် ဆက်ကစားသွားမယ်လို့လည်း ဆိုထားလို့ သူ့ရဲ့ မလည်ရှုပ်ပြသနာာကလည်း ရှိနေတယ်လို့ သိရပါတယ်။ ကိန်းက သူ့ကို​ ရအောင်ခေါ်၊ အသင်းကမရောင်းရင် သူလည်းမတတ်နိုင်ဘူးဆိုတဲ့ ပုံစံမျိုး ပြောဆိုထားတာလို့လည်း ကောလဟလတွေ ထွက်နေခဲ့တာပါ။ 

အသက် ၂၉ နှစ်အရွယ် ဟယ်ရီကိန်းဟာ စပါးနဲ့ အောင်မြင်မှုလုံး၀မရရှိထားသူဖြစ်ပါတယ်။ ဒါပေမယ့် ပရိးမီးယားလိဂ်ရွှေဖိနပ်ဆုကို ၂ကြိမ်ဆွတ်ခူးထားပြီး ထိပ်တန်းကစားသမားတဦးအဖြစ် ရပ်တည်နိုင်ခဲ့ကာ သူ့ကစားသမားဘ၀မှာ ဆုဖလားအောင်မြင်မှုမှတ်တမ်းမရှိတာက အမည်းစက်တခုလို ဖြစ်နေခဲ့ပါတယ်။ 

ဘိုင်ယန်ကို ပြောင်းရွှေ့မယ်ဆိုရင် သူ့အတွက် ဆုဖလားအာမခံချက်လည်း ရှိလာမှာဖြစ်ပါတယ်။ ဒါပေမယ့် သူကိုယ်တိုင်ကိုက မပြတ်မသားလုပ်နေတဲ့ ပုံစံကြောင့် အသင်းပြောင်းရွှေ့ဖို့ကတော့ လွယ်ကူမှာမဟုတ်ဘူးလို့ ယူဆရပါတယ်။ 

Share

Loading Next Article...
က္က