ဂိုးစည်းလိုင်းပေါ်က ဘောလုံးကို ရှင်းထုတ်သွားခဲ့တာပါ။

၁-၀ နဲ့ ချယ်လ်ဆီးက ဦးဆောင်နေချိန်မှာ ဂျူဗီတို့ တိုက်စစ်ဆင်လာရင်း မန်ဒီကို အသာလေးကျော်သွားယူခဲ့တဲ့ သွင်းဂိုးဟာ ဂိုးထဲဝင်ဖို့ နီးစပ်ခဲ့ပြီး အသက် ၃၇ နှစ်အရွယ် သီယာဂိုဆေးလ်ဗားက အရွယ်နဲ့မလိုက်အောင် ဟန့်တားဖျက်ထုတ်သွားခဲ့ပါတယ်။ 


ဂျူဗင်တပ်စ်ကို ၄-၀ နဲ့ ချယ်လ်ဆီးက ဂိုးပြတ်နိုင်ခဲ့တဲ့ပွဲမှာ ရီဆီဂျိမ်းစ်ရဲ့ ခြေစွမ်းပြမှုတွေကို အားလုံးက ထုတ်ဖော်ချီးကျူးခဲ့ကြပါတယ်။ ဒီအင်္ဂလန်သားက အမှန်တကယ်လည်း ချီးကျူးထိုက်ပြီး အသင်းအတွက် ဒီရာသီမှာ ဂိုးတွေအများကြီးသွင်းပေးနေတဲ့ နောက်ခံလူတစ်ဦးဖြစ်နေကာ အဓိကကစားသမားအဖြစ်နဲ့လည်း ပါဝင်နေခဲ့တာဖြစ်ပါတယ်။ 

ဒါပေမယ့် ဂျူဗင်တပ်စ်အသင်းကို သေချာပေါက်ဂိုးပေးရနိုင်တဲ့ အခွင့်အရေးကို ကာကွယ်ပေးခဲ့တဲ့ ဝါရင့်နောက်ခံလူ သီယာဂိုဆေးလ်ဗားကလည်း ရီဆီဂျိမ်းစ်နဲ့အပြိုင် ချီးကျူးခံနေရပါတယ်။ ၁-၀ နဲ့ ချယ်လ်ဆီးက ဦးဆောင်နေချိန်မှာ ဂျူဗီတို့ တိုက်စစ်ဆင်လာရင်း မန်ဒီကို အသာလေးကျော်သွားယူခဲ့တဲ့ သွင်းဂိုးဟာ ဂိုးထဲဝင်ဖို့ နီးစပ်ခဲ့ပြီး အသက် ၃၇ နှစ်အရွယ် သီယာဂိုဆေးလ်ဗားက အရွယ်နဲ့မလိုက်အောင် ဟန့်တားဖျက်ထုတ်သွားခဲ့ပါတယ်။ 

ဘောလုံးနောက်ကို အပြေးလိုက်ခဲ့ရတာဖြစ်ပြီး ခြေကုန်ထုတ်ကာ ကာကွယ်ခဲ့ရလို့ ဟန်ချက်တောင်မထိန်းနိုင်ဘဲ သီယာဂိုဆေးလ်ဗားတစ်ယောက် ဂိုးပိုက်နဲ့ပါလုံးထွေးသွားခဲ့ရပါတယ်။ ဒါပေမယ့်လည်း အသင်းကတော့ ချေပဂိုးမပေးခဲ့ရဘဲ တကယ်လို့သာ အဆိုပါသွင်းဂိုးဝင်ခဲ့မယ်ဆိုရင် ၁-၁ ဖြစ်ပြီး ပွဲအခြေအနေက ပြောင်းလဲသွားနိုင်မှာဖြစ်ပါတယ်။

ဒီရာသီဥရောပထိပ်တန်းလိဂ် ၅ ခုနဲ့ ချန်ပီယံလိဂ်မှာ ဂိုးစည်းလိုင်းပေါ်က ဖျက်ထုတ်မှုအများဆုံးကစားသမားအဖြစ် သီယာဂိုဆေးလ်ဗားက ရပ်တည်နေပြီး ၂ ကြိမ်အထိ ဖျက်ထုတ်ထားခဲ့တာပါ။ အသက်အရွယ်နဲ့မလိုက်ဖက်အောင်မြန်ဆန်နေသေးပြီး ကြံ့ခိုင်မှုပိုင်းလည်း အကောင်းဆုံးဖြစ်နေတဲ့ သီယာဂိုက အသင်းခံစစ်တန်းကိုဦးဆောင်ပေးနေကာ တူချယ်လ်ရဲ့ အဓိကကစားသမားအဖြစ်ရှိနေပါတယ်။ 


မနေ့ညက သူ့ရဲ့စွမ်းဆောင်ရည်ကလည်း တွစ်တာမှာ တော်တော်လေးလူပြောများနေပြီး ဘရာဇီးလ်သားဆီက ထင်မှတ်မထားတဲ့ပုံစံကို မြင်တွေ့ခဲ့ရတယ်လို့ ချီးကျူးနေခဲ့ကြပါတယ်။ 

Share

က္က