မန်စီးတီးကို ဖလား ၃ လုံး ယူခွင့်မပေးနိုင်ဘူးလို့ ဖာနန်ဒက်စ်က ပြောခဲ့တာပါ။

မန်စီးတီးနည်းပြဂွာဒီယိုလာက သူတို့အသင်းကို အနိုင်ယူကာ ဖလားသုံးလုံးမရနိုင်ဘူးလို့ ပြောဆိုခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို တုံ့ပြန်ပြောဆိုမှုတွေ လုပ်ခဲ့ပါတယ်။ စံချိန်မှတ်တမ်းတွေဆိုတာ ကျိုးပျက်မှာပဲလို့ သူက ပြန်လည်ပြောဆိုခဲ့ပြီး ပိုကောင်းတဲ့အသင်းက အနိုင်ရလိမ့်မယ်လို့ ဆိုလိုက်ပါတယ်။ 

ဖာနန်ဒက်စ်က "ကျနော်တို့အသင်းရဲ့ မှတ်တမ်းကို ကျနော်တို့သိပါတယ်၊ ပရိသတ်တွေကလည်း မန်စီးတီးကို ဖလား ၃ လုံးရစေချင်မှာမဟုတ်ပါဘူး၊ ကျနော်တို့သာ ဖလားရလိုက်မယ်ဆိုရင် သူတို့တွေ ဒီစံချိန်ကို ရယူနိုင်မှာမဟုတ်တော့ပါဘူး၊ ဒါပေမယ့် ကစားသမားတွေဘက်ကကြည့်မယ်ဆိုရင် ဒီပွဲကို အနိုင်လိုချင်ပါတယ်၊ ဘာလို့လဲဆိုတော့ ကျနော်တို့လည်း ကိုယ့်အတွက်ကိုယ် ဆုဖလားရယူချင်လို့ပါ" လို့ ပြောဆိုလိုက်ပါတယ်။ 

သူ့ရဲ့ ဒီလိုပြောဆိုမှုကို ဂွာဒီယိုလာက "ဘရူနိုနဲ့ ကျနော်စကားမပြောဖြစ်ပါဘူး၊ သူတို့အတွက် ဒီပွဲက ဘာကြောင့် အဓိပ္ပာယ်ပို့ရှိလဲဆိုတာကိုလည်း သိပါတယ်၊ ဗိုလ်လုပွဲကို သူတို့ ကစားမယ့် စိတ်ခံစားချက်အကြောင်းရင်းကိုလည်း ကျနော်မသိဘူး၊ သူတို့နဲ့အတူ ဖလားသုံးလုံးစံချိန်က အကြာကြီးရှိနေခဲ့တာပါ၊ ဒါက ပုံမှန်ပါပဲ၊ ဘောလုံးဆိုတာ ဒါပဲလေ၊ မှတ်တမ်းတွေဆိုတာ ကျိုးပျက်မှာပါ"

"ဒါက ငါတို့ပိုင်တယ်၊ တခြားဘယ်သူမှ မလုပ်နိုင်စေချင်ဘူးဆိုတာကလည်း သာမန်ပါပဲ၊ အဲဒီခံစားချက်ကို ကျနော်သိပါတယ်၊ ဒါပေမယ့် ဒါက ဘောလုံးပွဲပါ၊ ဘယ်သူကပိုကောင်းပြီး အနိုင်ယူမလဲဆိုတာပါပဲ၊ မန်စီးတီးပရိသတ်တွေအတွက်လည်း ဒါက ခမ်းနားပါတယ်၊ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်တွေနဲ့ ဒီရာသီမှာ သူတို့တွေ ပျော်ရွှင်ခဲ့ရပါတယ်" လို့ တုံ့ပြန်ခဲ့ပါတယ်။ 

"ဒါက ဘောလုံးပွဲတပွဲပါ၊ ဘာမဆိုဖြစ်သွားနိုင်ပါတယ်၊ ယူနိုက်တက်ကို အနိုင်ရဖို့ ကျနော်တို့ ဘာမဆိုလုပ်မယ်၊ အက်ဖ်အေဖလားသမိုင်းမှာ ပထမဆုံးအကြိမ် သူတို့နဲ့ ဗိုလ်လုပွဲကစားရတာပါ၊ တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်မယ်၊ ပရိသတ်တွေကို ပျော်ရွှင်စေချင်တယ်" လို့ သူက ထပ်ပြောခဲ့ပါတယ်။ 

Share

Loading Next Article...
က္က