အဲရစ်ဆင်က ယူနိုက်တက်ကို ငြင်းဆန်ခဲ့တာပါ။

လီဗာပူးနောက်ခံလူဟောင်း ဟိုဆေးအင်းနရစ်က ယူနိုက်တက်ကို အဲရစ်ဆင် ငြင်းဆန်သွားတဲ့သတင်းနဲ့ပတ်သက်လို့ တွစ်တာပေါ်ကတဆင့် လှောင်ပြောင်ခဲ့ပါတယ်။ အဲရစ်ဆင်ဟာ ဒီရာသီ ယူနိုက်တက် စိတ်ဝင်စားနေတဲ့ ကစားသမားတွေထဲက တယောက်အပါအဝင်ဖြစ်ပါတယ်။



အဲရစ်ဆင်ဟာ ဘရန့်ဖို့ဒ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် ကစားသမားပါ။ ဒီကစားသမားအတွက် ယူနိုက်တက်က ချဥ်းကပ်ခဲ့ပေမယ့် ကစားသမားက ဘရန့်ဖို့ဒ်မှာ ဆက်ကစားဖို့ ဒါမှမဟုတ် အသင်းဟောင်းစပါးကိုသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားတယ်လို့ သိရှိရပါတယ်။ ကစားသမားဟာ လန်ဒန်မှာပဲဆက်နေဖို့ ရည်ရွယ်ထားဟန်ရှိပါတယ်။

ဒီသတင်းကို ဂါးဒီယန်းက ဖော်ပြခဲ့ပြီးနောက် ဟိုဆေးအင်းနရစ်က “ဒီနွေရာသီမှာ နောက်ထပ်ကစားသမားတယောက်က ယူနိုက်တက်ကို ငြင်းဆန်လိုက်ပြန်ပြီ ဟီးဟီးဟီးဟီး” လို့ သူ့ရဲ့တွစ်တာပေါ်မှာ လှောင်ပြောင်ရေးသားခဲ့ပါတယ်။ လီဗာပူးဟာ လက်ရှိနွေရာသီမှာ ဘင်ဖီကာကြယ်ပွင့် ဒါဝင်နူနက်ဇ်ကိုလည်း ယူနိုက်တက်ထက် လက်ဦးမှုယူပြီး ခေါ်ယူထားပါတယ်။

ဟိုဆေးအင်းနရစ်ဟာ ဒါဝင်နူနက်ဇ်ကိုလည်း ယူနိုက်တက်ကိုငြင်းဆန်ပြီး လီဗာပူးကိုသာရွေးချယ်ဖို့ တိုက်တွန်းခဲ့ပါသေးတယ်။ ယူနိုက်တက်နဲ့လီဗာပူးတို့ဟာ ခေတ်အဆက်ဆက် ခါးသီးပြိုင်ဘက်တွေဖြစ်ခဲ့ကြပြီး အခွင့်ရတိုင်း တသင်းအပေါ် တသင်းလှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ လီဗာပူးဟာ လက်ရှိနွေမှာ ဒါဝင်နူနက်ဇ်၊ ဖေဘီယိုကာဗယ်လ်ဟို၊ ကဲလ်ဗင်ရမ်ဆေးတို့ကို ခေါ်ယူခဲ့ပြီးပါပြီ။

ဒါပေမယ့် ယူနိုက်တက်ကတော့ ကစားသမားသစ်တယောက်တောင် မခေါ်ယူနိုင်သေးပါဘူး။ ဘာစီလိုနာကွင်းလယ်လူ ဒီဂျောင်ကိုခေါ်ယူဖို့ ကြိုးပမ်းမှုက ရှေ့မတိုး၊ နောက်မဆုတ်ဖြစ်နေပြီး အဲရစ်ဆင်၊ အေဂျက်စ်နောက်ခံလူ တင်မ်ဘာတို့ကလည်း ယူနိုက်တက်ကို ငြင်းဆန်ထားတယ်လို့ သိရှိရပါတယ်။ 

Share

Loading Next Article...
က္က