အင်္ဂလန်ကြယ်ပွင့်ရဲ့ ခြေစွမ်းတိုးတက်လာတာကို စောင့်ကြည့်ခဲ့ရသူပါလို့ ပြောခဲ့တာပါ။

အက်စ်တန် ဗီလာနည်းပြ စတီဗင် ဂျရတ်က မေဆန် မောင့်ရဲ့ တိုးတက်လာမှုကို စောင့်ကြည့်နေခဲ့ပြီး ချဲလ်ဆီးကြယ်ပွင့်ရဲ့ အမာခံပရိသတ်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

မေဆန် မောင့်ဟာ ပြီးခဲ့တဲ့ ၃ ရာသီကတည်းက ချဲလ်ဆီးအသင်းအတွက် အဓိကကစားသမားဖြစ်နေခဲ့သူဖြစ်ပြီး အသင်းအတွက် ပွဲ ၁၃၀ အထိ ပါဝင်ကစားပေးရင်း ပြီးခဲ့တဲ့ မေလမှာ ချန်ပီယံလိဂ်ဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့သူဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် ကွင်းလယ်ကြယ်ပွင့်ဟာ ၂၀၂၁-၂၀၂၂ ရာသီအစမှာ ၁၅ ပွဲအထိ ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် တစ်ဂိုးမှ သွင်းယူနိုင်ခြင်းမရှိခဲ့ဘဲ စိတ်ပျက်စရာ အချိန်တွေကို ဖြတ်သန်းခဲ့ရပေမယ့် အောက်တိုဘာလက နောဝစ်ချ်နဲ့ပွဲမှာ ဟက်ထရစ်သွင်းပြီးကတည်းက ဂိုးတွေ ဆက်တိုက် သွင်းယူနေခဲ့တာဖြစ်ပါတယ်။



မေဆန် မောင့်အနေနဲ့ ယနေ့ ဘောက်ဆင်ဒေးမှာ ဘာမင်ဂမ်ကို သွားရောက်ယှဉ်ပြိုင်ရမယ့် ပွဲစဉ်မှာ ၎င်းရဲ့ ဂိုးသွင်းနှုန်းကို ဆက်လက် ထိန်းသိမ်းသွားဖို့ မျှော်လင့်နေမှာဖြစ်ပြီး အက်စ်တန် ဗီလာနည်းပြ စတီဗင် ဂျရတ်က အင်္ဂလန်ကြယ်ပွင့်ရဲ့ ခြိမ်းခြောက်နိုင်စွမ်းကို သတိပြုမိနေတာထက် ပိုနေတာဖြစ်ပါတယ်။

"ကျွန်တော် သူ့ရဲ့ ခြေစွမ်းတိုးတက်လာမှုကို စောင့်ကြည့်ခဲ့တယ်ဆိုတာ အမှန်ပါပဲ။ သူက နိုင်ငံအတွက် ကြီးမားတဲဲ့ ပါရမီရှင်ပါ။ ကျွန်တော်က မေဆန်ရဲ့ အမာခံ ပရိသတ်ပါ။ သူ့ မျက်နှာပေါ်မှာ အပြုံးနဲ့ သူ ကစားတတ်တယ်။ သူ ဖန်တီးမှုတွေ လုပ်နိုင်တယ်။ သူ ဂိုးသွင်းနိုင်ပြီး သူက ဥရောပချန်ပီယံလည်း ဖြစ်ပြီးသားပါ။ အဲဒီတော့ ကျွန်တော် သူ့ကို ချီးမြှောက်ဖို့ ဒါမှမဟုတ် ချီးကျူးဖို့ လိုအပ်တယ်လို့ ကျွန်တော် မထင်ပါဘူး"

"ဒါပေမယ့် ကျွန်တော်က သူ့ပရိသတ်ပါလို့တော့ ကျွန်တော် ပြောရပါမယ်။ သူ ဒီအပတ်ပွဲမှာ အဲဒီလိုမျိုး အရမ်းကောင်းတဲ့ စွမ်းဆောင်ရည်မျိုး ရှိမနေပါစေနဲ့လို့ ကျွန်တော် မျှော်လင့်နေတာပါ"လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က