အပူချိန်မြင့်မားနေချိန် ယာဉ်လမ်းအသုံးပြုသူတွေအပူဒဏ်ခံရသက်သာဖို့အတွက် ကာကွယ်ပေးတဲ့နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

အပူချိန်မြင့်မားနေချိန် ယာဉ်ကြပ်တည်းတဲ့ နေရာတွေနဲ့ မီးပွိုင့်တွေမှာ ယာဉ်ကြောစောင့်ဆိုင်းသူတွေ အပူဒဏ်ခံရမှု သက်သာစေဖို့အတွက် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက အရိပ်ရအမိုးတွေ တပ်ဆင်ပေးသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

“ယာဉ်ကြပ်တည်းမှုများတဲ့နေရာတွေနဲ့ မီးပွိုင့်တွေမှာ စောင့်ဆိုင်းနေရတဲ့အခါ ယာဉ်အသုံးပြုသူတွေအတွက် မသက်သာလှပါဘူး၊ အပူဒဏ်ခံရသက်သာဖို့အတွက် အရိပ်ရအမိုးတွေ တပ်ဆင်ပေးတာပါ။ ပထမဆုံးအလှူရှင်က လှူဖို့ပြောလာတဲ့အတွက် ဒီနေ့မှာပဲ ၇၈ လမ်းနဲ့ စစ်ကိုင်းလမ်းခွဲ(ဆုံရာမီးပွိုင့်)မှာ စလုပ်ပြီးသွားပါပြီ။ နဂိုကတည်းက လုပ်ဖို့အစီအစဉ်ရှိပြီးသားပါ။ ရာသီဥတု တအားပူလာတာနဲ့ လုပ်ဖို့စဉ်းစားထားတာပါ” လို့ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ဧပြီလ ၂၃ ရက်နေ့ နံနက်ပိုင်းက မြို့တော်ခန်းမမှာ သတင်းထောက်များနဲ့တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။

အပူချိန်မြင့်မားနေချိန် ယာဉ်လမ်းအသုံးပြုသူတွေ အပူဒဏ်ခံရသက်သာဖို့အတွက် ကာကွယ်ပေးတဲ့ နည်းလမ်းတစ်ခုလည်းဖြစ်ပြီး အပူရှိန်လျော့နိုင်သလောက်လျော့သွားအောင် အရိပ်ရအမိုးနဲ့ကာကွယ်ပေးခြင်းအားဖြင့် လမ်းပေါ်(မီးပွိုင့်အနီး)မှာလည်း အပူရှိန်သက်သာစေမှာ ဖြစ်ပါတယ်။

အမိုးများကို သီးသန့်တိုင်ထောင်ကာလုပ်မှာဖြစ်ပြီး အပူချိန်သက်သာချိန်မှာတော့ ပြန်သိမ်းသွားမှာဖြစ်ကြောင်းနဲ့ ပြန်လည် သိမ်းဆည်းရာမှာလည်း နောက်တစ်ကြိမ် ပြန်သုံးလို့ရအောင် စနစ်တကျ ပြန်သိမ်သွားမှာဖြစ်တယ်လို့ မန္တလေးမြို့တော်ဝန်က ပြောပါတယ်။ လက်ရှိမှာတော့ ရန်ကုန်-မန္တလေးလမ်းနဲ့ စစ်ကိုင်းလမ်းခွဲဆုံရာ မီးပွိုင့်မှာ တပ်ဆင်ပေးထားပြီး အလှူရှင်တွေပေါ်ထွက်လာရင် မြို့တွင်းမီးပွိုင့်တွေမှာလည်း ဆက်လက် တပ်ဆင်ပေးသွားမှာဖြစ်တယ်လို့ လည်းသိရပါတယ်။

-နန္ဒ (မန္တလေး)

Share

Loading Next Article...
က္က