အခုလို မီးတွေခနခန ပျက်နေတဲ့အချိန်မျိုးမှာပဲဖြစ်ဖြစ်၊ မီးမရှိတဲ့ဒေသကိုရောက်နေရင်ပဲဖြစ်ဖြစ် device တွေကို ဘက်ထရီအားသွင်းလို့ မရနိုင်တော့တာကြောင့် အခက်တွေ့ရနိုင်ပါတယ်။

ဒီနေ့ခေတ်မှာ လူတိုင်းနီးပါးဟာ ဖုန်း၊ ကွန်ပြူတာနဲ့ electronic device အမျိုးမျိုးကိုအသုံးချ၊မှီခိုရမှု အရင်ထက်များလာ ပါတယ်။ အဲဒီ device တွေကိုအသုံးပြုဖို့အတွက်မရှိမဖြစ်အရေးကြီးတာကတော့ လျှပ်စစ်မီးပါပဲ။ အခုလို မီးတွေခနခန ပျက်နေတဲ့အချိန်မျိုးမှာပဲဖြစ်ဖြစ်၊ မီးမရှိတဲ့ဒေသကိုရောက်နေရင်ပဲဖြစ်ဖြစ် device တွေကို ဘက်ထရီအားသွင်းလို့ မရနိုင်တော့တာကြောင့် အခက်တွေ့ရနိုင်ပါတယ်။ ဒီလိုအခက် အခဲတွေကို အကောင်းဆုံးဖြေရှင်းပေးနိုင်တာကတော့ နေရောင်ခြည်ရှိရုံနဲ့အားသွင်းပေးနိုင်တဲ့ ဆိုလာ Charger တွေပါပဲ။



အခုဆိုရင်နည်းပညာတွေမြင့်မားလာတာကြောင့် ဆိုလာ Charger တွေကို ခေါက်လို့ရပြီး သွားလေရာ အလွယ်တကူ သယ်ယူသွားလို့ ရတဲ့ ဒီဇိုင်းမျိုးတွေနဲ့ရရှိနိုင်လာပြီဖြစ်တာကြောင့်ပိုပြီးတော့အသုံးတွင်ကျယ်လာနေပြီပဲ ဖြစ်ပါတယ်။ အဲဒီလို အသုံးတွင်ကျယ်လာနေတဲ့ဆိုလာ Chager တွေထဲကမှ အခုမိတ်ဆက်ပေးချင်တာကတော့ အကောင်းဆုံး ဆိုလာ Product တွေကို အကောင်းဆုံးဝန်ဆောင်မှုတွေနဲ့ရောင်းချပေးနေတဲ့ SSY Solar Myanmar ရဲ့ ဆိုလာ Charger ၂ မျိုးပဲ ဖြစ်ပါတယ်။

(၁) 6000 mAh Power Bank တွဲလျက်ပါဝင်တဲ့ 5V 15W ဆိုလာ Charger

ဒါကတော့ မီးပျက်နေတဲ့အချိန်တွေမှာသာမက Hiking ထွက်တဲ့အခါ၊ မီးမရှိတဲ့ဒေသတွေကိုခရီးသွားတဲ့အခါတွေမှာ ကိုယ့်ရဲ့ ဖုန်း၊ Tablet စတဲ့ဆက်သွယ်ရေးပစ္စည်းတွေနဲ့အခြား ဘက်ထရီနဲ့အသုံးပြုရတဲ့ပစ္စည်းတွေကို အလွယ်တကူ အားသွင်းနိုင်မယ့် ဆိုလာ Charger ပဲဖြစ်ပါတယ်။

ခေါက်လို့ရတာကြောင့် ဘယ်သွားသွားအလွယ်တကူသယ်ယူသွားလို့ရပါတယ်။ ဒါ့အပြင် 6000 mAh Power Bank ပါတစ်ခါတည်းပါဝင်တာကြောင့် Power Bank သက်သက်ထပ်ဝယ်နေစရာမလိုတော့ပါဘူး။ နေရောင်ခြည်ကောင်း ကောင်းရတဲ့အချိန်တွေမှာ Power Bank ကိုအားသွင်းထားလိုက်ရင် ညအချိန်နဲ့ အလင်းရောင်ကောင်းကောင်းမရတဲ့ အချိန်တွေမှာပါ ကိုယ့်ရဲ့ဖုန်း၊ တက်ဘလက်တို့အတွက်စိတ်အေးနိုင်မှာပဲဖြစ်ပါတယ်။

ဆိုလာအားဘယ်လောက်ဝင်လဲဆိုတာကို signal ၃မျိုးနဲ့ပြပေးတဲ့အပြင် အားဘယ်လောက်ကျန်လဲဆိုတာကိုလည်း signal ပြသပေးပါတယ်။

အားသွင်းချိန်က လုံလောက်တဲ့အလင်းရောင်ရရှိချိန် (70000 lux ) မှာဆိုရင် ၅ နာရီကနေ ၆ နာရီကြားသာကြာမြင့်မှာပါ။ ဈေးနှုန်းက ၅၆၇၀၀ ကျပ်ဖြစ်ပြီး အာမခံ ၁ နှစ်ပါရှိပါတယ်။


(၂) ပိုုက်ဆံအိတ်တစ်လုံးလိုအလွယ်တကူခေါက်ပြီးသယ်သွားနိုင်မယ့် ၁၈ဗို့/၅ဗို့ တွဲလျက် ၂၁ ဝပ် ဆိုလာ Charger



ဒါကတော့လက်ရှိအရောင်းအသွက်ဆုံး ဆိုလာ Charger တွေထဲကတစ်မျိုးပါပဲ။ ပိုက်ဆံအိတ်တစ်လုံးလို အလွယ်တကူ ခေါက်ပြီးသယ်ယူသွားနိုင်ပြီး အလေးချိန်က ဝ.၈ ကီလိုဂရမ်လောက်သာရှိတာကြောင့် အခုလိုဘယ်နေရာ ရောက်ရောက်မီးပျက်တတ်တဲ့အချိန်မျိုးမှာ အဆင်ပြေစေမှာပါ။ ဒါ့အပြင် တောတွေ၊တောင်တွေထဲခရီးသွားရတာ နှစ်သက်သူတွေအတွက်လည်း မရှိမဖြစ်အသုံးအဆောင်ပစ္စည်းတစ်ခုပါပဲ။

Output Interface အနေနဲ့ USB 5V 2.1A ၁ ပေါက်နဲ့ DC 18V 1A ပါဝင်တာကြောင့် ဖုန်းအားသွင်းတဲ့အချိန်မှာ လျင်မြန်ရုံသာမက DC ပေါက်ပါတာကြောင့် DC 18V 1A နဲ့ ကိုက်ညီတဲ့ Laptop (လက်တော့) တွေနဲ့ အခြားလျှပ်စစ် ပစ္စည်းတွေကို အလွယ်တကူအားအမြန်သွင်းနိုင်မှာပါ။

နောက်ပြီး လျှပ်စစ်အားသိုလှောင်ထားဖို့ ဘက်ထရီအိုးကိုအားသွင်းတဲ့ကြိုးခေါင်းလည်းပါဝင်တာကြောင့် ပုံမှန်ဆိုလာပြား တွေလို ဘက်ထရီအိုးကိုပါအားသွင်းနိုင်မှာ ဖြစ်ပါတယ်။

ဒီဆိုလာ Charger ရဲ့ဈေးနှုန်းက ၇၄၂၀၀ ကျပ်ဖြစ်ပြီးအာမခံ ၁ နှစ်ပါရှိပါတယ်။

အခုဖော်ပြခဲ့တဲ့ ဆိုလာ Charger နှစ်မျိုးကိုစိတ်ဝင်စားလို့ဝယ်ယူချင်တယ်ဆိုရင် SSY Solar Myanmar ရဲ့ ဖုန်းနံပါတ် 09777357735 ကိုဆက်သွယ်ပြီးဖြစ်စေ ၊ ဒီလင့်ခ် => https://www.facebook.com/ssysolarmyanmar/ ကနေ SSY ရဲ့ Facebook Page ကိုဝင်ရောက်ပြီး Message Box ကနေဖြစ်စေဆက်သွယ်စုံစမ်းဝယ်ယူနိုင်ပါတယ်။ 

Share

Loading Next Article...
က္က